
ဒီဇာတ်ကားလေးက Action, Crime, Thriller အမျိုးအစားဖြစ်ပြီး ပထမဇာတ်ကားကတည်းက အရမ်းလူကြိုက်များခဲ့တဲ့ဇာတ်ကားလေးပါ။ John Wick Chapeter-4 (2023) မှာတော့ IP Man က မင်းသားကြီး Donnie Yan ပါပါဝင်လာတဲ့အတွက်ပိုကြမ်းသွားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဝစ်ခ်ဟာ ကောင်စီရဲ့ဆုကြေးထုတ်တာကိုခံရပြီး အမြဲပြေးလွှားနေရတာပေါ့။ သူ့ရဲ့ရည်မှန်းချက်က ကောင်စီအပေါ်တင်နေတဲ့အကြွေးတွေအားလုံးကျေပြီး လွတ်လပ်ချင်ခဲ့တာပါ။ တစ်နေ့မှာတော့ သူ့ရဲ့မိတ်ဆွေဟောင်းကြီးဝင်စတန်ဟာ ကောင်စီရဲ့အမိန့်ကြောင့် သူပိုင်တဲ့ဟိုတယ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ အဲဒီတော့ သူက အခဲမကြေဖြစ်ပြီး လက်စားပြန်ချေချင်နေခဲ့ပါတယ်။ အဲဒီတော့ ဂျွန်ဝစ်ခ်လည်းရည်မှန်းချက်ပြည့် သူလည်းဟိုတယ်ကိုပြန်ရ တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ ဂျွန်ဝစ်ခ်ကို နည်းလမ်းတစ်ခုပေးလိုက်ပါတယ်။
အဲဒီနည်းလမ်းကဘာဖြစ်မလဲ။ ဂျွန်ဝစ်ခ်ကရော အဲဒီနည်းလမ်းကို အကောင်အထည်ဖော်ပြီး သူ့ရဲ့လွတ်လပ်ခွင့်ကို ရအောင်ယူနိုင်မလားဆိုတာ ကြမ်းတမ်းတဲ့အက်ရှင်ခန်းတွေနဲ့အမိုက်စားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။