
နည်းပညာကော်ပိုရေးရှင်းကြီးဖြစ်တဲ့ Amygdala ကနေ Siri , Alexa တို့လိုအသံနဲ့အမိန့်ပေးစေခိုင်းနိုင်မယ့် smart speaker တစ်ခုကိုဈေးကွက်တင်ဖို့ကြိုးစားနေပါတယ်၊ ဒါပေမယ့်လဲ ကိရိယာရဲ့ရှာဖွေမှု အယ်လ်ဂိုရီသမ်ကိုတိုးတက်စေဖို့လူသားတွေကကြီးကြပ်ပေးတဲ့နည်းစနစ်ကိုအသုံးပြုထားတဲ့အတွက်ဝေဖန်မှုတွေတော့ရှိနေခဲ့ပါတယ်။
အိန်ဂျလာချိုင်းဆိုတဲ့ကောင်မလေးကတော့ ဆီယက်တယ်မှာနေထိုင်ပြီး ကပ်ရောဂါကာလအတွင်း Kimi ကနေဖမ်းယူထားတဲ့အသံဆက်သွယ်မှုတွေကိုနားထောင်ပြင်ဆင်ပေးနေပြီး သူ့အတိတ်တုန်းကတွေ့ကြုံခဲ့ရတဲ့ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတစ်ခုကြောင့် ဟင်းလင်းပြင်အကြောက်လွန်ဝေဒနာကိုလဲခံစားနေရတဲ့သူပါ။တစ်နေ့တော့သူဟာ Kimi ကဖမ်းယူထားတဲ့အသံဆက်သွယ်မှုတစ်ခုကနေ လူသတ်မှုဒါမှမဟုတ်လိင်အကြမ်းဖက်မှုလို့ယူဆရတဲ့မှုခင်းတစ်ခုကိုကြားလိုက်ရတဲ့အချိန်မှာ ဒီကိစ္စကို မဖြစ်မနေရအောင်ဖြေရှင်းဖို့ဆုံးဖြတ်ထားတဲ့သူက တစ်ဖက်၊တကယ်တမ်းဒီအမှုကိုကျူးလွန်ခဲ့တဲ့သူ ပြီးတော့ ဒီကိစ္စကြောင့် သန်းပေါင်းများစွာဆုံးရှုံးရဖို့ရှိတဲ့ဓနအင်အား၊ လူအင်အားကြီးမားတဲ့သူတွေကတစ်ဖက် သူနိုင်ကိုယ်နိုင်အပြိုင်ကစားဖို့ဖြစ်လာပါတော့တယ်။
ဆရာကြီး Steven Soderbergh ရဲ့လက်ရာဖြစ်ပြီး Zoë Kravitz ခေါင်းဆောင်ပါဝင်ထားပါတဲ့ Crime,Thrillerကားကောင်းတစ်ကားပါ။