
လေဆိပ်တစ်ခုကနေခြင်္သေ့ပေါက်လေးတစ်ကောင်လွတ်လာပြီးပျောက်ဆုံးနေခဲ့ပါတယ်။ အဲ့ဒီအတွက်တာဝန်ရှိသူတွေကခြင်္သေ့လေးကိုအပူတပြင်းလိုက်ရှာနေကြပါတယ်။ ဒီလိုနဲ့အဲ့ဒီခြင်္သေ့လေးကလျှောက်သွားရင်းနဲ့အီနစ်စ်နဲ့အဲလက်စ်တို့မောင်နှမနှစ်ယောက်အိမ်ကိုရောက်လာခဲ့ပါတယ်။
အီနစ်စ်ကအငယ်ဖြစ်ပေမယ့်ပိုရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အစ်ကိုဖြစ်တဲ့အဲလက်စ်တစ်ယောက်ကတော့အငယ်နဲ့နေရာမှားနေသလားထင်ရအောင်ကိုကလေးဆန်လွန်းတဲ့လူဖြစ်ပါတယ်။ အီနစ်စ်ကအဲလက်စ်ကိုခြင်္သေ့ပေါက်လေးကိုကင်းလို့နာမည်ပေးလိုက်ပြီးသူ့အကြောင်းဘယ်သူ့ကိုမှမပြောပြဖို့မှာထားပေမဲ့အငယ်ဖြစ်သူရဲ့စကားကိုတစ်သဝေမတိမ်းလိုက်နာတဲ့အဲလက်စ်ကတော့ကင်းနဲ့သူနဲ့ရိုက်ထားတဲ့ပုံကိုလိုင်းပေါ်မှာတင်လိုက်ပြီးနာမည်ကြီးသွားခဲ့ပါတယ်။ ဒီလိုနဲ့သူတို့အိမ်ကိုရဲတွေလာတဲ့အခါမှာထွက်ပြေးရင်းနဲ့ကင်းကိုမြို့ပြရဲ့မွန်းကြပ်တဲ့လူတွေရဲ့ထိန်းချုပ်မှုအောက်မှာမနေရအောင်အာဖရိကမှာပြန်သွားလွှတ်ဖို့ကြိုးစားပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။