
အဲရစ်နဲ့အန်ဒရူးဆိုတဲ့လိင်တူချစ်သူနှစ်ယောက်ကသူတို့ရဲ့သမီးလေးဝန်လင်နဲ့အတူသစ်တောထဲကိုအပန်းဖြေခရီးထွက်ခဲ့ကြပြီးသစ်လုံးအိမ်လေးထဲမှာနေခဲ့ကြပါတယ်။ သူတို့နားတစ်ဝိုက်မှာလဲရေကန်ကြီးတစ်ကန်ရှိပြီးတော့အရမ်းကိုသာယာလှပတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ဝန်လင်တစ်ယောက်တည်းဆော့နေချိန်လီယိုနက်ဆိုတဲ့လူတစ်ယောက်ရောက်လာပြီးသူတို့မိသားစုရဲ့အကြောင်းကိုမေးမြန်းခဲ့ပါတယ်။ မေးမြန်းပြီးမကြာခင်မှာပဲနောက်ထပ်လူသုံးယောက်သူတို့ဆီကိုလာခဲ့ပါတယ်။ ဒီလိုနဲ့ဝန်လင်လဲအိမ်ထဲအမြန်ပြေးဝင်ပြီးတော့သူ့အဖေနှစ်ယောက်ကိုအဲ့ဒီအကြောင်းတွေပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာဇာတ်ကားနာမည်အတိုင်းပဲသူတို့ရဲ့သစ်လုံးအိမ်လေးကိုလီယိုနက်တို့ကတံခါးလာခေါက်ခဲ့ပါတယ်။ သူတို့မှာလဲလက်နက်တွေပါလာတဲ့အတွက်အန်ဒရူးတို့ကပေးမဝင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့သူတို့တွေအိမ်ထဲကိုဖျက်ဝင်လာခဲ့ပြီးနောက်ပိုင်းမှာမထင်မှတ်ထားတဲ့အကြောင်းအရာတွေကိုသိခဲ့ရပါတော့တယ်။ အဲ့ဒီအပြင်သူတို့မိသားစုသုံးယောက်ထဲကတစ်ယောက်ကိုလဲစတေးဖို့လိုအပ်ကြောင်းကိုသိခဲ့ရပါတယ်။
ဝန်လင်တို့မိသားစုဒီအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ပြီးတော့ဘယ်လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုချသွားမလဲဆိုတာကြည့်ရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။