
ကဗျာတွေမှာလူတွေမထင်မှတ်ထားတဲ့စွမ်းအင်တွေရှိနေပါတယ်။ ကဗျာတွေကလူတစ်ယောက်ရဲ့နှလုံးသားကိုပြောင်းလဲနိုင်သလိုမျိုးလူတစ်ယောက်ရဲ့ဘဝကိုပါပြောင်းလဲပေးနိုင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာလဲလမ်ရာဆိုတဲ့ကောင်မလေးရဲ့ဘဝကိုကဗျာတစ်ပုဒ်ကဘယ်လိုပြောင်းလဲပေးနိုင်ခဲ့တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
လမ်ရာဆိုတာကအလက်ပိုဆိုတဲ့မြို့တစ်မြို့မှာနေထိုင်တဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီမြို့မှာစစ်ပွဲတွေကမကြာခဏဖြစ်ပွားတတ်ပြီးအရမ်းကိုအန္တရာယ်များတဲ့မြို့လဲဖြစ်ပါတယ်။ စာဖတ်ရတာဝါသနာပါပြီးစာတော်တဲ့လမ်ရာအတွက်သူ့ရဲ့ဆရာကကဗျာဆရာတစ်အုပ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့စာအုပ်ကနေတစ်ဆင့် လမ်ရာတစ်ယောက် ၁၃ ရာစုက ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ရူမီနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့လမ်ရာကသူမရဲ့ဘဝကိုကယ်တင်ပေးနိုင်မဲ့ကဗျာတစ်ပုဒ်ကိုရူမီတဲ့အတူတူရေးစပ်ပုံတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။