
DC Animation ကားတွေကြိုက်တဲ့သူတွေအတွက် Legion of Superheros ဆိုတဲ့ကားအသစ်ထွက်လာပါပြီ။ ပုံမှန်မြင်နေကျ Justic League ကအဖွဲ့သားတွေကိုပဲမြင်ရမှာမဟုတ်ပဲနဲ့ Legion ဆိုတဲ့စူပါဟီးရိုးတပ်ဖွဲ့ကလူအသစ်တွေကိုမြင်ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ခရစ်ပ်တွန်ဂြိုလ်ကနေလွတ်မြောက်သွားခဲ့တဲ့သူကစူပါမန်းတစ်ယောက်တည်းမဟုတ်ပဲစူပါမန်းရဲ့ဝမ်းကွဲအစ်မစူပါဂဲလ်ပါလွတ်မြောက်သွားခဲ့ပါတယ်။ သူမကကမ္ဘာမြေပေါ်ကိုနောက်ကျမှရောက်လာတဲ့အတွက်ကမ္ဘာမြေရဲ့ပုံစံတွေခေတ်မှီတိုးတက်မှုတွေကသူ့အတွက်အရမ်းနှောင့်နှေးနေခဲ့တဲ့အတွက်လူဆိုးတွေနဲ့တိုက်ခိုက်တဲ့အခါမှာမြို့ကိုပိုပိုဆိုးအောင်သာလုပ်မိနေပါတော့တယ်။ ဘတ်မန်းကလဲသူ့ကိုကမ္ဘာဂြိုလ်ကနေထွက်သွားစေချင်နေပါတယ်။ ဒီလိုနဲ့စူပါမန်းကစူပါဂဲလ်ကိုအနာဂတ် ၃၁ ရာစုက Legion Of Superheros ဆိုတဲ့မကောင်းမှုတွေကိုတိုက်ဖျက်တဲ့စူပါဟီးရိုးတပ်ဖွဲ့ဆီကိုခေါ်သွားခဲ့ပါတယ်။ စူပါဂဲလ်ကအဲ့ဒီမှာသူ့အစွမ်းတွေကိုထိန်းချုပ်နိုင်အောင်လေ့ကျင့်ခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီကိုမကောင်းတဲ့အကြံအစည်ရှိနေတဲ့ဗီလိန်တစ်ယောက်ရောက်လာတဲ့အခါမှာစူပါဂဲလ်တို့ကိုလေ့ကျင့်ပေးနေတဲ့ဆရာတွေကပါမနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့စူပါဂဲလ်နဲ့ Legion မှာလေ့ကျင့်နေတဲ့သူတွေနဲ့ပူးပေါင်းပြီးဗီလိန်ကိုတားဆီးတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
Format……….: .mp4 & .mkv
Quality………..: Blu-ray
Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
Duration……..: 1h 23m
Translator…..: Saw Lay
Encoder………: MZM