
လူတိုင်းမှာတစ်ခြားသူကိုမသိစေချင်တဲ့လျှို့ဝှက်ချက်ကိုယ်စီရှိမှာပါပဲ။ အဲ့ဒီလိုလျှို့ဝှက်ချက်တွေကိုအကြပ်ကိုင်ပြီးလူတွေကိုသတ်ဖြတ်နေတဲ့လူတစ်ယောက်ကစုံထောက်ဂျွန်အာသာရှိတဲ့မြို့မှာပေါ်လာခဲ့ပါတယ်။
ဒီကားထဲမှာတော့တခြားဇာတ်ကားတွေလိုမဟုတ်ပဲလူသတ်သမားကိုအစကတည်းကသိရမှာဖြစ်ပါတယ်။ အဲ့ဒီလူသတ်သမားကစုံထောက်မှူးဂျွန်အာသာကိုသူ့ကိုမဖမ်းနိုင်အောင်လို့ထောင်ထဲကိုထည့်ခဲ့ပါတယ်။ ဒါပေမယ့်သူ့လုပ်ရပ်တွေကအရမ်းလွန်လာတဲ့အခါမှာတော့စုံထောက်မှူးဂျွန်အာသာတစ်ယောက်ထောင်ထဲကနေလွတ်အောင်ကြိုးစားပြီးလူသတ်သမားကိုလိုက်ဖမ်းတာကိုကြည့်ရှုရမဲ့ စုံထောက်အက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။