
ဒီဇာတ်ကားလေးက Animation, Adventue, Comedy အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ ဟတ်တာဆိုတဲ့မျက်လှည့်ဆရာဟာ ဒိတ်အောက်နေတဲ့ပြကွက်တွေကိုပဲ ပြသနိုင်ပြီး ပြကွက်အသစ်တွေမဖန်းတီးနိုင်တဲ့အတွက် နာမည်ပျက်နေပါတယ်။ တစ်နေ့မှာတော့ အံ့ဩစရာကောင်းတဲ့ပြကွက်ဖန်တီးမယ်ဆိုပြီး တိရိစ္ဆာန်လေးတွေရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတဲ့မိကျောင်းလေး လိုင် ကိုတွေ့သွားတော့ နှစ်ယောက်တူတူ သီချင်းတိုက်ကာ အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် စင်ပေါ်ရောက်တော့ လိုင်ဆီက သီချင်းသံထွက်မလာခဲ့ပါဘူး။ ဒီလိုနဲ့ သူလည်း နာမည်ပိုပျက်သွားပြီး လိုင်ကို သူ့အိမ်ထပ်ခိုးမှာစွန့်ပစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်တွေကြာလာတော့ အဲဒီအိမ်ကို အိမ်ရှင်အသစ်တွေပြောင်းလာခဲ့ပါတော့တယ်။