
အရုပ်ကုမ္ပဏီတစ်ခုက စက်ရုပ်အင်ဂျင်နီယာဖြစ်သူ ဂျမ်မာဟာ မီဂန်(M3GAN)လို့ခေါ်တဲ့ စက်ရုပ်တစ်ရုပ်ကို ဖန်တီးနေစဥ်မှာပဲ အစ်မလင်မယား ရုတ်တရက်ဆုံးပါးသွားပြီး တူမဖြစ်သူကေဒီကို စောင့်ရှောက်ဖို့ဖြစ်လာပါတော့တယ်။ အလုပ်တွေလည်းမအားလပ်၊ ကလေးနဲ့လည်း လက်ပွန်းတတီး မနေတတ်တဲ့အတွက်ကြောင့် သူဖန်တီးထားတဲ့ လူသားစက်ရုပ်မီဂန်ကို ကေဒီအတွက် အဖော်အဖြစ်ပေးထားရာကနေ မီဂန်က သူ့စိတ်နဲ့သူ အသက်ဝင်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမယ့် Sci-Fi/Horror/Thriller ဖြစ်ပါတယ်။