
စုံထောက်ကားတွေကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့မာလိုလို့ခေါ်တဲ့စုံထောက်တစ်ယောက်ဟာအရင်တုန်းကရဲဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ သူကပင်စင်မရခင်မှာတင်ပြဿနာတက်ပြီးထွက်ခဲ့ရတဲ့အတွက်ဝမ်းရေးအတွက်အလွတ်စုံထောက်တစ်ယောက်လုပ်နေရတာပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့နီကိုပီတာဆန်ဆိုတဲ့လူတစ်ယောက်ပျောက်ဆုံးသွားတဲ့အကြောင်းကိုအမှုလာအပ်ခဲ့ပါတယ်။ စစချင်းတုန်းကတော့နီကိုရိုးရိုးတန်းတန်းကားတိုက်ပြေးခံရပြီးသေဆုံးခဲ့တယ်လို့ထင်ခဲ့ပေမဲ့အမှုကအဲ့ဒီထက်ပိုရှုပ်ထွေးနေတဲ့အတွက်စုံထောက်မာလိုတစ်ယောက်စုံစမ်းမှုတွေလုပ်ဆောင်ပြီးအမှုကိုဖော်ထုတ်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။