
Power ranger ဆိုတာယောက်ျားလေးတိုင်းအတွက်မစိမ်းတဲ့ဇာတ်ကားပါပဲ။ Power Ranger ကားမကြည့်ပဲကြီးပြင်းလာခဲ့တဲ့ယောက်ျားလေးဆိုတာတောင်ခပ်ရှားရှားပါပဲ။ အခုမိတ်ဆက်ပေးမဲ့ကားကတော့အဲ့လိုလူတွေအတွက်သတင်းကောင်းဖြစ်တဲ့ Mighty Morphin ပါဝါရိန်းဂျားတွေရဲ့နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ထွက်လာခဲ့တဲ့ Mighty Morphin Power Rangers : Once and Always ပဲဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့အကျဉ်းချုပ်ကတော့ ဇော်ဒန်မရှိတော့တဲ့အချိန်မှာပါဝါရိန်းဂျားတွေရဲ့အကြီးမားဆုံးရန်သူတော်ဖြစ်တဲ့ ရီတာကပြန်ပေါ်လာခဲ့ပါတယ်။ ရီတာပြန်ပေါ်လာတဲ့အချိန်မှာပါဝါရိန်းဂျားတစ်ယောက်ကိုသတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ငယ်ငယ်ကအနှစ်သာရအတိုင်းပါဝါရိန်းဂျားတွေနဲ့ရီတာတို့ရဲ့တိုက်ခိုက်ခန်းတွေကိုကြည့်ရှုရမှာဖြစ်ပြီး ငယ်ဘဝအလွမ်းပြေစေနိုင်ဖို့အတွက်ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။