
မသိသူမရှိအောင် နာမည်ကျော်လှတဲ့ Disaster Film တွေဖြစ်တဲ့ Independence Day (1996)၊The Day After Tomorrow (2004)၊ 2012 (2009)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးရှင် Roland Emmerich ရဲ့နောက်ထပ် Disaster ကားတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ ကမ္ဘာဂြိုလ်ရဲ့လဟာ ဘာကြောင့်မှန်းမသိ သူ့ပတ်လမ်းကနေ လွဲချော်သွားတာနဲ့စပါတယ်။ လလမ်းကြောင်းလွဲလာတာနဲ့အမျှ ကမ္ဘာပေါ်မှာ ငလျင်တွေ၊ မီးတောင်ပေါက်ကွဲမှုတွေ မြေဆွဲအားကမောက်ကမ ဖြစ်မှုတွေဖြစ်ပေါ်လာပြီး ကပ်ဆိုက်လာပါတော့တယ်၊ ဒါကိုအချိန်မှီမတားနိုင်ဘူးဆိုရင် လဟာကမ္ဘာမြေပေါ်အထိတစ်စစီကြွေဆင်းလာနိုင်ပြီးကမ္ဘာပျက်တဲ့အထိဖြစ်သွားနိုင်တဲ့အနေအထားပါ။ ဒါကိုအစောကြီးကတည်းက ရိပ်စားသိရှိခဲ့တဲ့သူကတော့ Conspiracy theorist တစ်ယောက်ဖြစ်တဲ့ K.C Houseman ပါပဲ၊
လဟာ သက်ရှိတွေဖန်တီးထားတဲ့အကြီးစားတည်ဆောက်မှုကြီးတစ်ခုဖြစ်တယ်ဆိုတဲ့ သီအိုရီကိုအကြိမ်ကြိမ်ရှင်းပြပေမယ့်ဘယ်သူမှမယုံခဲ့ကြပဲ အခုချိန်မှာမှ နာဆာရဲ့လက်ထောက်ဒါရိုက်တာ Jocinda (Halle Berry) နဲ့ တစ်ချိန်ကသူ့လုပ်ဖော်ကိုင်ဖက်အာကာသယာဉ်မှူးဟောင်း Brian (Patrick Wilson) တို့ပူးပေါင်းပြီး ကမ္ဘာကြီးကို ကြိုးစားကယ်တင်ကြရမှာဖြစ်ပါတယ်။
တွေ့မြင်နေကျ Plot ကြောင့်သာ Rating နည်းပါးနေတာဖြစ်ပေမယ့် ဘတ်ဂျက်အကြီးစားသုံးထားတဲ့ ကားပီပီ CGI တွေမှာတော့စိတ်မပျက်စေရပါဘူး။ သဘာ၀ ဘေးအန္တရာယ်ဇာတ်ဝင်ခန်းတွေ မြို့ကြီးတွေအကြီးစားထိခိုက်ပျက်စီးမှုတွေ အာကာသအပြင်ဘက်လွန်းပြန်ယာဉ်တွေနဲ့အက်ရှင်ခန်းတွေက အလွန်ခမ်းနားကြည့်ကောင်းနေတာကိုရှုစားကြရမှာပါ။