
ဒီကမ္ဘာကြီးပေါ်မှာလူတွေမသိကြသေးတဲ့နောက်ထပ်ကမ္ဘာတစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့မံမီတွေနေထိုင်ကြတဲ့ကမ္ဘာတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီကမ္ဘာမှာတုဒ်လို့ခေါ်တဲ့မြင်းစစ်သည်တော်ဟောင်းတစ်ယောက်ရှိပါတယ်။ သူကသူ့ရဲ့နေ့ရက်တွေကိုသူ့ပရိသတ်တွေအတွက်လက်မှတ်ထိုးနေရင်းပဲကုန်ဆုံးရတာဖြစ်ပါတယ်။ တစ်နေ့မှာတော့သူတို့တိုင်းပြည်ရဲ့မင်းသမီးအတွက်ကြင်ယာဖက်ရွေးချယ်ဖို့အတွက်ဖီးနစ်ငှက်တစ်ကောင်ကိုလွှတ်လိုက်ရာမှာသူ့အိမ်တည့်တည့်ကျသွားခဲ့ပါတယ်။ ဒီလိုနဲ့တုဒ်နဲ့မင်းသမီးနဲ့လက်ထပ်ရတော့မှာဖြစ်ပြီး တုဒ်ကိုမင်္ဂလာဆောင်လက်စွပ်ကိုပေးခဲ့ပါတယ်။ မင်္ဂလာဆောင်လက်စွပ်ပျောက်ရင်တုဒ်ကိုလျှာဖြတ်မျက်လုံးထုတ်တော့မှာဖြစ်တဲ့အတွက်တုဒ်တစ်ယောက်လက်စွပ်ကိုမပျောက်အောင်သတိထားနေတဲ့ကြားကလူသားကမ္ဘာကလူတွေကလက်စစွပ်အပြင်သူ့ရဲ့တခြားပစ္စည်းတွေကိုပါယူသွားခဲ့ပါတယ်။
ဒီလိုနဲ့တုဒ်တစ်ယောက်လူသားကမ္ဘာကိုသွားပြီးလက်စွပ်ကိုပြန်ယူဖို့ကြိုးစားနေတုန်းမင်းသမီးနဲ့တွေ့ပြီး သူတို့လက်စွပ်ကိုပြန်ယူဖို့အတူတူကြိုးစားကြပုံကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။