
တလွဲတွေလုပ်တတ်တဲ့စုံထောက်ကျော်ကြီးတွေဖြစ်တဲ့နစ်ခ်နဲ့အော်ဒရီတို့ရဲ့ဒုတိယမြောက်ဇာတ်ကား Murder Mystery 2 ထွက်လာခဲ့ပါပြီ။
ဒီထဲမှာတော့သူတို့ရဲ့အလွတ်စုံထောက်လုပ်ငန်းကြီးကမအောင်မြင်တဲ့အပြင်ဒေဝါလီပါခံရတော့မလိုဖြစ်နေလို့လင်မယားနှစ်ယောက်အဆင်မပြေတွေဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ကံကောင်းချင်တော့သူတို့ရဲ့သူငယ်ချင်းဖြစ်တဲ့မဟာရာဂျာကသူ့ရဲ့ကိုယ်ပိုင်ကျွန်းမှာလုပ်မဲ့သူ့မင်္ဂလာဆောင်ကိုဖိတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့နစ်ခ်တို့လင်မယားလဲအပန်းဖြေခရီးအနေနဲ့စိတ်အပန်းဖြေဖို့သွားခဲ့ကြပါတယ်။ ဒါပေမယ့်ကံဆိုးချင်တော့မင်္ဂလာဆောင်တဲ့ညမှာပဲမဟာရာဂျာကိုပြန်ပေးဆွဲသမားတွေကဖမ်းသွားပါတော့တယ်။ဒီလိုနဲ့စုံထောက်ကြီးတွေနဲ့ဖြစ်တဲ့နစ်ခ်နဲ့အော်ဒရီတို့လင်မယားနှစ်ယောက်ဒီအမှုကိုစုံစမ်းရင်းနဲ့ဖြစ်လာတဲ့အလွဲတွေကိုဟာသဆန်ဆန်လေးကြည့်ရှူရမှာပဲဖြစ်ပါတယ်။