
1950 ကာလက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို လွမ်းဆွေးစရာအပြည့်နဲ့ တင်ဆက်ထားပါတယ်။
ငယ်ရွယ်တဲ့ရဲသားလေး တွမ် ဟာ သူငယ်ချင်းရဲ့ညီမဖြစ်သူ ကျောင်းဆရာမလေး မယ်ရီယန်နဲ့ ချစ်ကြိုက်ပြီးနောက် လက်ထပ်လိုက်ပါတယ်။ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံကြားကို ပြတိုက်မှူးဖြစ်သူ ပတ်ထရစ်ဝင်ရောက်လာတဲ့အခါ သူတို့အိမ်ထောင်ရေးက အရင်လိုမဟုတ်တော့ပါဘူး။
၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ ဘေးလူဖြစ်နေရသူက မယ်ရီယန်မှန်းသိလိုက်ရတဲ့အခါ ထိုခေတ်ထိုအခါက တားမြစ်ထားတဲ့ လိင်တူချစ်ခြင်းတရားကို တွမ်နဲ့ ပတ်ထရစ်တို့ အဆုံးထိဖုံးကွယ်ထားမလား အရာရာကိုရင်ဆိုင်ပြီး အချစ်ကိုပဲရွေးချယ်လိုက်ကြမလားဆိုတာ စိတ်ဝင်စားစရာပါပဲ