
ဂေ့ဘ်တို့ညီအစ်ကိုနဲ့မာကိုတို့ကဘဏ်ဓားပြတွေဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ဘဏ်ဓားပြတိုက်ရင်းနဲ့ငွေသယ်ကားအစောင့်ကိုသတ်မိသွားပါတော့တယ်။ အဲ့ဒီအမှုကို FBI အေးဂျင့်ဆော်လမွန်ဆိုသူကစုံစမ်းပါတော့တယ်။
ဂေ့ဘ်တို့ဘဏ်ဓားပြတွေလုပ်နေတယ်ဆိုတာသူတို့ချည်းသက်သက်မဟုတ်ပဲရေဒါဆိုတဲ့လူရဲ့လက်အောက်မှာလုပ်နေတာပဲဖြစ်ပါတယ်။ ရေဒါကဂေ့ဘ်ရဲ့အဖေဖြစ်သူနဲ့အလုပ်တွဲလုပ်ခဲ့သူဖြစ်ပြီးအခုအချိန်မှာလဲသူ့ရဲ့သားနဲ့အလုပ်လုပ်နေတာပဲဖြစ်ပါတယ်။ ဖြစ်ချင်တော့ဂေ့ဘ်ရဲ့ညီဖြစ်သူကလက်ဖွာသူဖြစ်ပြီဘဏ်ဓားပြတိုက်လို့ရခဲ့တဲ့ငွေတွေကိုစည်းမဲ့ကမ်းမဲ့သုံးခဲ့မိတဲ့အတွက်အေးဂျင့်ဆော်လမွန်ကသိသွားပြီးဖမ်းဆီးဖို့စီစဉ်ပါတော့တယ်။ အဲ့ဒီအချိန်မှာလဲသူတို့ကသူတို့ရဲ့နောက်ဆုံးဘဏ်ဓားပြတိုက်မှုတစ်ခုကိုလုပ်တော့မှာဖြစ်ပါတယ်။
ဒီလိုနဲ့ဂေ့ဘ်တို့နောက်ဆုံးဘဏ်ဓားပြတိုက်တဲ့အခါမှာဘာတွေဆက်ဖြစ်သွားမလဲ ဘာအခက်အခဲတွေတွေ့ကြုံရမလဲဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။