What's happening?

Video Sources 7292 Views Report Error

  • YouTube Trailer
Pathaan (2023)

Pathaan (2023)

Buckle your seat belts, a storm is comingJan. 25, 2023India146 Min.Not Rated
Your rating: 0
10 2 votes

Synopsis

Pathaan ကတော့ သိတဲ့ အတိုင်း မင်းသားကြီး ရှာရွတ်ခန်း ရဲ့ ၄ နှစ် ကျော် အကြာမှ ထွက်လာတဲ့ Comeback ရုပ်ရှင်ဖြစ်ပြီး Ek Tha Tiger/ Tiger Zinda Hai/ War တို့နဲ့ ဇာတ်လမ်း ဆက်ထားတဲ့ Spy Universe ကားပါ။ SRK ကို 4 နှစ် ကျော် စောင့်ရကျိုး နပ်စေလားလို့ မေးရင် နပ်တာထက်တောင် ပိုတယ်လို့ ဖြေရမယ်။ ဘာလို့ဆို ဒီကား ဇာတ်လမ်းက တော်တော် ခိုင်ပြီး ကောင်းလို့ပါ။

စစ်သားဟောင်း (ex-soldiers) တွေ ပေါင်းပြီး ဖွဲ့စည်းထားတဲ့ Pathaan တို့ရဲ့ အကောင်းအဖွဲ့ JOCR နဲ့ တပုံစံတည်း ဖွဲ့စည်းထားတဲ့ Jim တို့ရဲ့ အဆိုးအဖွဲ့ Outfit X တို့ ထိပ်တိုက် တွေ့တဲ့အခါ ဘယ်လို ဇာတ်လမ်း ဆက်လာလဲ ဆိုတာ surprise တွေ အများကြီး နဲ့ မျက်လုံးတောင် ခတ်ချိန် မရဘဲ ကြည့်နေရပါလိမ့်မယ်။ ဒီကားက War ဇာတ်ကား ရဲ့ Twist လို မဖြစ်နိုင်တာ မျိုး မရှိဘူး/ Pathaan ဇာတ်လမ်းက ယုံချင်စဖွယ် ကောင်းတယ်။ Pathaan ဇာတ်လမ်းက 2022 ကား Vikram လိုပါ အလွှာတွေ အရမ်းများပြီး နက်နဲပြီး တော်တော် လေး နက်နက်နဲနဲ ရေးထားတာ သိသာတယ်။

ဇာတ်လမ်းရဲ့ ပထမပိုင်း ထက် ဒုတိယ ပိုင်း ပိုကောင်းပါတယ်။ ဒုတိယပိုင်း ကြောင့် ဒီကားကို Masterpiece အထိ ပြောလို့ရတယ်။ ကျနော် ပြောပြရင် spoiler ဖြစ်မှာ စိုးလို့ပါ။ နောက်ဆုံး climax ၃၀ မိနစ် အရမ်းကို thrilling ဖြစ်တယ်။

သရုပ်ဆောင်ချက်ကတော့ ရှာရွတ်ခန်း ကတော့ ဒဏ်ရာ ရထားတဲ့ ခြင်္သေ့ လိုဘဲ။ Emotional အခန်းတွေမှာ တော်တော် ပီတယ်။ သိတဲ့အတိုင်း သူ့ dialogue delivery က အရင်ကားတွေ လိုဘဲ ဒီကားမှာလဲ tip top…ဒီပီကား ကာရိုက်တာ ကိုလဲ ပါတယ်ဆိုရုံဘဲ ထည့်ထားတာမျိုး မဟုတ်ဘဲ အရမ်း ကောင်းတဲ့ Tiger Series ထဲက Katrina လို ဇာတ်ကောင် ပေးထားတာ ဖြစ်တယ်။ Deepika လဲ သရုပ်ဆောင် တော်တော်လေး ကောင်းတယ်။ အကောင်းဆုံး ကတော့ John Abraham နဲ့ မင်းသမီးကြီး Dimple Kapadia ပါ။ John ဘယ်လောက် တောင် ပီပြင်လဲဆို ရုပ်ရှင်ထဲ ဝင်ပြီး သတ်ပစ်ချင်တဲ့ အထိဘဲ။ အရမ်း ရက်စက် လွန်းတယ်။ ဒီလောက်ဆိုးတဲ့ လူဆိုး မြင်ဖူးမှာ မဟုတ်ဘူး…ဘယ်သူ့မှကို မရှောင်တဲ့ ခန့်မှန်းရခက်တဲ့ လျှို့ဝှက် တတ်တဲ့ နာကြည်း နေတဲ့ လူဆိုး Jim နေရာကို John အရမ်း ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တယ် 🔥
ဒီကားက အိန္ဒိယ သမိုင်းမှာ အကောင်းဆုံး action set pieces တွေ ပိုင်ဆိုင်ထားတဲ့ ကားလို့ ဆိုရမယ်။ ကားမှာ ဆိုင်ကယ် လိုက်ခန်း/ ကားလိုက်ခန်း ပါတာ မထူးဆန်း ပေမယ့် အဲ့ action ခန်းတွေက ဇာတ်လမ်းနဲ့ ယုတ္တိ ရှိအောင် ရိုက်တတ်တာက တကယ်ကို လေးစားဖွယ်ပါဘဲ။ action ခန်းမှ နည်းတာ မဟုတ်ဘူး ဟယ်လီကော်ပတာ/ jetpack/ ဆိုင်ကယ်/ ကား/ ထရပ်/ ရေခဲ/ လေထီး/ ရထား အကုန်လုံး ဇာတ်လမ်း နဲ့ ကိုက်နေတာက တကယ် တကယ် ကို လေးစားတယ်။ အဲ့တာ လုံးဝ မလွယ်ဘူး။
နိဂုံးချုပ် ရင် ဒီကားက တနေရာမှ မဟာနေဘူး နေရာတိုင်း ဂုဏ်ထူးမှတ် ရပါတယ်။ editing/ acting/ action sequences/ songs and bgm/ story and screenplay စတဲ့ ဌာန တိုင်း မှာ 4 stars ပေးရမယ်။

ဒါက ရှာရွတ်ခန်း Comeback တင် မဟုတ်ပါဘူး Bollywood Comeback ပါ။ Bollywood ရဲ့ နောက်ဆုံး ပြည်တွင်း ဝင်ငွေ 300 cr ကားက War (2019) ပါ။ ခု ဒီကား 300 cr ကျော်မှာ ၁၀၀% ကျိန်းသေပြီး Dangal Record (387 cr) ကိုလဲ ကျော်နိုင်ပါတယ်။ Bollywood ရဲ့ ပထမဆုံး 400 cr ကားလဲ ဖြစ်နိုင်တယ်။ ကယ် ဒီနှစ် Bollywood နှစ် ပါ။ Pathaan ကြောင့် Tiger 3 ကား ဘယ်လို ကြမ်းမလဲ စဥ်းစားလို့ တောင် မရတော့ဘူး

Review credit to Zillion Movie Store

  • Format……….: .mp4 & .mkv
  • Quality………..: WEB-DL
  • Resolution….: 4k, 1080p 5.1CH, 720p, 480p
  • Duration……..: 2h 26m
  • Translator…..: Zon Myat Noe Swe
  • Encoder………: MZM
Original title पठान
IMDb Rating 6.4 125,285 votes
TMDb Rating 7.489 45 votes

Director

Cast

Similar titles

Infinite Storm (2022)
King (2022)
HIT: The First Case (2022)
Dog Gone (2023)
Strange World (2022)
Shut In (2022)
Plane (2023)
Who Killed Our Father? (2023)
See for Me (2022)
Bull (2021)
Spider-Man: No Way Home (2021)
Where the Crawdads Sing (2022)