
အက်ရှင်ကားကောင်းကောင်းကြိုက်သူတွေအတွက် Plane ဆိုတဲ့လေယာဉ်အက်ရှင်ကားတစ်ကားထပ်ထွက်လာခဲ့ပါပြီ။ ဒီကားက ဇာတ်ကားနာမည်အတိုင်းပဲ လေယာဉ်ပျက်ကျပြီးနောက်ဖြစ်ခဲ့တဲ့အရာတွေကိုစိတ်လှုပ်ရှားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။
လေယာဉ်ဘယ်လိုပျက်ကျခဲ့တာလဲဆိုတော့တောရန့်ဆိုတဲ့လေယာဉ်မှူးတစ်ယောက်မောင်းနှင်နေတဲ့လေယာဉ်ကိုမိုးကြိုးပစ်ခံခဲ့ရပြီးပျက်ကျခဲ့တာပဲဖြစ်ပါတယ်။ ကံကောင်းထောင်မစွာနဲ့လေယာဉ်ကလုံးဝပျက်ကျသွားတာမျိုးမဟုတ်ပဲတောရန့်ရဲ့ကျွမ်းကျင်မှုကြောင့်အန္တရာယ်ကင်းစွာနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ကံဆိုးချင်တော့သူတို့ဆင်းသက်ခဲ့တဲ့နေရာကလေယာဉ်ပျက်ကျတာထက်ပိုဆိုးတဲ့အန္တရာယ်တွေနဲ့ပြည့်နေတဲ့အခါမှာတောရန့်နဲ့အသက်ရှင်ကျန်နေတဲ့ခရီးသည်တွေဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။