
RIPD ကားအသစ်လေးထွက်လာပါပြီဗျ။ 1 မှာတုန်းကလဲပရိသတ်အချစ်တော် Deadpool မင်းသား Ryan Reynolds ရဲ့သရုပ်ဆောင်မှုကိုတွေ့ခဲ့ရပေမဲ့ 2 မှာတော့သူပြန်ပါမလာခဲ့ပါဘူး။ 2 မှာကျတော့ ၁၈ ရာစုနှစ်ကောင်းဘွိုင်ခေတ်ကိုဇာတ်အိမ်တည်ထားပြီး နယ်မြို့လေးတစ်မြို့ရဲ့ရဲမှုးကလူဆိုးတွေနဲ့ပစ်ခတ်ရင်းသေသွားခဲ့တဲ့အခါမှာ RIPD ကိုရောက်ရှိသွားကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။
RIPD ဆိုတာကသေဆုံးပြီးနောက် ရဲတွေ စစ်သည်တော်တွေအစရှိသဖြင့် အဲ့လိုလူမျိုးတွေရောက်သွားကြတဲ့တမလွန်ဘဝကရဲတွေသဘောမျိုးဌာနတစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့တာဝန်ကတော့သူလူဘဝတုန်းကနေတဲ့နေရာနဲ့မကမ်းမလှမ်းမှာရှိတဲ့နေရာတစ်ခုမှာပွင့်ထွက်လာခဲ့တဲ့ငရဲတွင်းပေါက်တစ်ခုအကြောင်းကိုသွားစုံစမ်းဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့်သူကတာဝန်ထက်လက်စားချေဖို့ကိုပိုအားသန်နေပြီးအရေးမကြီးတဲ့အရာတွေကိုလျှောက်လုပ်ရင်းနဲ့သူ့တာဝန်ကရိုးရိုးရှင်းရှင်းမဟုတ်ဘူးဆိုတာကိုသိလာခဲ့ရပါတယ်။
ရဲမှုးနဲ့သူ့တွဲဖက်တို့တာဝန်ကိုအဆုံးထိကျေပွန်အောင်လုပ်ဆောင်နိုင်မလားဆိုတာကိုဟာသလေးနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။