
ဆိုဖီက ငယ်ရွယ်တဲ့နှင်းလျှောစီးသမားဟောင်းတစ်ဦးဖြစ်ပြီး အခုချိန်မှာ အချိန်ပိုင်းအလုပ်တွေလုပ်နေပါတယ်။
တစ်နေ့တော့ ဝေးလံတဲ့နယ်ဘက်က ဇိမ်ခံအိမ်ကြီးတစ်လုံးကို အိမ်ရှင်မ ခရီးထွက်ခိုက်တစ်ယောက်တည်းစောင့်ပေးရဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနေ့ညနေပိုင်းကမှ သူထည့်လိုက်တဲ့ “See For Me” ဆိုတဲ့ App အသစ်ကတစ်ဆင့် မျက်မမြင်တွေကို ဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကယ်လီဆိုတဲ့ကောင်မလေးနဲ့ သိကျွမ်းခဲ့ပါတယ်။ အဲ့ဒီမတော်တဆဖြစ်ရပ်လေးဟာ သူ့အတွက်ဘုရားသခင်စောင်မလိုက်တဲ့ကံကောင်းခြင်းတစ်မျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီညမှာပဲ လက်နက်ကိုင်လူတစ်စုဟာ ဒီအိမ်ထဲမှာဝှက်ထားတဲ့ငွေတိုက်သေတ္တာထဲကငွေတွေကိုလာလုယက်ရာကနေ သူ့ကိုတွေ့သွားခဲ့တာကြောင့်ပါ။
သူစိမ်းယောက်ျားလက်နက်ကိုင်တွေနဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်၊ သူ့ဘက်ကဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးမယ့် ကယ်လီအကူအညီနဲ့ ဒီလူတွေကိုတွန်းလှန်တိုက်ခိုက်ရတော့မှာပါ။
နောက်ထပ်ကံကောင်းတဲ့အချက်က ကယ်လီဟာစစ်ပြန်တစ်ယောက်ဖြစ်နေတာပါပဲ။ အိမ်ထဲကိုလူဆိုးတွေဝင်လာပြီး ဒုက္ခိတတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ကားတွေထဲမှာပထမဆုံးမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်နဲ့ကွဲထွက်နေပြီး သပ်ရပ်လှပတဲ့ဇာတ်လမ်းဖွဲ့စည်းပုံအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖိုရှုစားရမယ့် Canadian thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။