
လူးကပ်စ်နဲ့ သူ့အစ်ကိုတွမ်တို့ဟာ မိဘမဲ့တွေဖြစ်ပြီး လူသူမနီးတောအုပ်ထဲက အိမ်စုတ်တစ်လုံးမှာနေထိုင်ကြပါတယ်။ အစ်ကိုဖြစ်သူတွမ်ဟာ သူ့ကိုချစ်ခင်ပေမယ့်လဲ မိဘတွေသေဆုံးမှုကိုမေ့ပျောက်နိုင်အောင်ကြိုးစားရင်း အရက်ကိုစွဲလန်းနေသူ၊ သူ့ဖခင်လိုပဲ အနိုင်ကျင့်တတ်တဲ့ဓလေ့စရိုက်ရှိသူ၊ တစ်ခါတစ်လေမှာ ဒီဝေဒနာတွေကိုမေ့ပျောက်ဖို့အတွက် လူးကပ်စ်နဲ့အတူတစ်ဦးနဲ့တစ်ဦး နာကျင်အောင် ပါးရိုက်တမ်းကစားလေ့ရှိသူဖြစ်ပါတယ်။ ဒီလိုမိသားစုကနေပေါက်ပွားလာသလိုရွယ်တူတွေဝန်းကျင်မှာလဲ ဝင်မဆန့်တဲ့လူးကပ်စ်ဟာ တစ်နေ့မှာတော့သူ့ကိုအနိုင်ကျင့်နေကျကောင်မလေးသုံးယောက်ရဲ့အကျပ်ကိုင်မှုကြောင့်စွန့်ပစ်အိမ်ကြီးတစ်လုံးထဲကိုဝင်သွားခဲ့ပြီးတဲ့နောက်ဗီရာဂို လို့ခေါ်တဲ့ စုန်းမတစ်ကောင်နဲ့ဆုံဆည်းပြီး မိတ်ဆွေတွေဖြစ်သွားခဲ့ပါတယ်။
ဒီလိုနဲ့ အဲ့ဒီစုန်းမဟာ လူးကပ်စ်အပေါ်မကောင်းဘူးလို့ သူထင်မြင်တဲ့သူမှန်သမျှကိုလက်စတုံးသုတ်သင်ဖို့ကြိုးစားလာတဲ့အချိန်မှာတော့ လူးကပ်စ် သူချစ်တဲ့သူတွေကိုအချိန်မှီကယ်ဆယ်ဖို့ကြိုးစားရပါတော့တယ်။
ဇာတ်လမ်းဇာတ်ကွက်၊ဆန်းသစ်မှုနဲ့ သရုပ်ဆောင်ကလေးနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်အထူးချီးကျူးခံရ၊ရုပ်ရှင်ပွဲတော်ဆုတွေပါရရှိထားတဲ့၊ RT 91% နဲ့ Horror Mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။