
အွန်ဟာ (So-dam Park (Parasite)) ကကားဟောင်းပြုပြင်တဲ့ဝပ်ရှော့တစ်ခုကသာမန်ဝန်ထမ်းတစ်ယောက်လို့ထင်ရပေမယ့် အရေးတကြီးထွက်ပြေးဖို့လိုအပ်နေတဲ့လူတွေ၊ အန္တရာယ်ကြီးတဲ့အဖိုးတန်ပစ္စည်းတွေကိုဘေးကင်းစွာပို့ဆောင်ပေးတဲ့အထူးပို့ဆောင်ရေးကားမောင်းသမားတစ်ယောက်အဖြစ် လျှို့ဝှက်လုပ်ကိုင်ပါတယ်။
တစ်နေ့မှာတော့ နိုင်ငံတွင်းကနေ အသည်းအသန်ထွက်ပြေးဖို့လိုအပ်နေတဲ့သားအဖနှစ်ယောက်ကိုပို့ဆောင်ဖို့သွားအကြိုမှာ လွဲချော်မှုတွေကြုံခဲ့ရပြီး အဲ့ဒီကလေးကို အွန်ဟာကိုယ်တိုင်အဆုံးထိ တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။
သူ့နောက်က လိုက်နေတဲ့လူတွေဟာ သာမန်ရဲတွေတင်မဟုတ်ပဲ၊ အန္တရာယ်ကြီးတဲ့ ဂန်းစတားတွေ လက်မရွံ့တွေပါ ပါဝင်နေတဲ့နောက်မှာတော့အွန်ဟာတစ်ယောက်တည်း ကလေးတစ်ဖက်နဲ့ ဘယ်လိုလွတ်အောင်ရုန်းရမလဲဆိုတာကိုရှုစားကြရမှာပါ။
Baby Driver တို့ Transporter တို့လိုပုံစံဇာတ်လမ်းမျိုးဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လဲပေါ့ပါးသွက်လက်သလိုအက်ရှင်ခန်းတွေလဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ လှပကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။