
ပွဲတိုင်းကျော်ကြီး MARVEL ရဲ့ အသစ်စက်စက် စပိုက်ဒါမန်းရုပ်ရှင်ကားကြီး လာပါပြီ။ Marvel Universe ထဲက ရုပ်ရှင်ကားဖြစ်လို့ ပထမရုပ်ရှင်ကားတွေနဲ့ အကုန်ဆက်စပ်နေတဲ့အပြင် Oscar ဆုအတွက်လည်း လျာထားခံရပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ယူထားပြီး ပရိတ်သတ်တွေဆီက အချစ်တွေပါသိမ်းယူထားပါသေးတယ်။
ဇာတ်လမ်းအစမှာတော့ Mysterio က စပိုက်ဒါမန်းကဘယ်သူပါဆိုပြီး ဖော်ကောင်လုပ်ချလိုက်တဲ့နေရာက ဆက်ထားပါတယ်။ ပီတာပါကာဆိုတဲ့ သူ့သရုပ်မှန်ပေါ်ပေါက်သွားတာကြောင့် 17နှစ်အရွယ် ပေါက်စလေးတစ်ယောက်က နေ့ချင်းညချင်း ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုနာမည်ကြီးမှုနဲ့အတူ ဆိုးကျိုးတွေလည်း ပူးတွဲပါလာပါတယ်။ အဲဒါကတော့ ရဲတွေဆီမှာ ပြစ်မှုရှိမရှိ စစ်ဆေးခံရမှုတွေအပြင် စပိုက်ဒါမန်းကြောင့် ထိခိုက်ရပါတယ်ဆိုပြီး လူဆိုးတစ်ယောက်လို မြင်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒီဆိုးကျိုးတွေကြောင့် ထိခိုက်နစ်နာရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူချစ်ရသူတွေပါ နစ်နာလာချိန်မှာတော့ ပီတာတစ်ယောက် ဒေါက်တာစထရိန်းဆီသွားပြီး ဒီလိုတွေမဖြစ်ခဲ့တဲ့အချိန်ဆီသွားဖို့ အကူအညီတောင်းပါတော့တယ်။ ဒေါက်တာစထရိန်းလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် သူတတ်နိုင်တဲ့ဘက်က ကူညီပေးပေမဲ့ ဆယ်ကျော်သက်ပီတာလေးရဲ့ စိတ်မြန်လက်မြန်နဲ့အလွဲတွေကြားမှာ မန္တန်စည်းပေါက်ပြီး အပြိုင်စကြဝဠာကနေ ပီတာပါကာက စပိုက်ဒါမန်းပါဆိုတာကို သိသူတွေအကုန်ရောက်ချလာချိန်မှာတော့……………….
MCUပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာလည်း နောက်ထပ်နှစ်ကွက်လောက် အမြည်းကျွေးထားတာကြောင့် တကယ်ပြီးတဲ့အထိ သေချာကျော်ကြည့်ကြပါလို့ မှာချင်ပါတယ်။