
ဒီဇာတ်ကားလေးက Animation, Action, Adventure အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ စူးစမ်းရှာဖွေသူ ယေဂါကလိတ်ဟာ သူ့ရဲ့သားဖြစ်သူ ဆက်ချာနဲ့အတူ စူးစမ်းရှာဖွေရေးခရီးတွေအမြဲထွက်နေတဲ့သူပေါ့။ သူတို့နေထိုင်တဲ့အယ်ဗလိုနီးယားမြို့ရဲ့အနာဂတ်ဟာ တောင်တွေရဲ့တစ်ဖက်ခြမ်းမှာရှိမယ်လို့ယုံကြည်တဲ့အတွက် အဲဒီကိုသွားရောက်စူးစမ်းချင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ယေဂါကလိတ်နဲ့ဆက်ချာဟာ သူ့အဖွဲ့သားတွေနဲ့အတူ တောင်တွေရဲ့တစ်ဖက်ခြမ်းကိုစူးစမ်းလေ့လာရေးထွက်ခဲ့ပါတယ်။ တစ်နေရာရောက်တော့ ဆက်ချာဟာ ဂူထဲကထူးဆန်းတဲ့ပန်ဒိုအပင်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ ဆက်ချာကတော့ ပန်ဒိုအပင်လေးတွေကိုမြို့ကိုပြန်သယ်သွားပြီး ဘယ်လိုအကျိုးရှိအောင်သုံးမလဲလို့ စဉ်းစားနေခဲ့ပေမယ့် ယေဂါကလိတ်ကတော့ တောင်တွေရဲ့တစ်ဖက်ခြမ်းကိုပဲ ဆက်သွားချင်တဲ့အတွက်တစ်ယောက်တည်းဆက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ ၂၅နှစ်ကြာပြီးနောက်မှာ ဆက်ချာဟာသူ့မိသားစုနဲ့အတူ ပန်ဒိုအပင်တွေကိုစိုက်ပြီး နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ပန်ဒိုအပင်တွေ အကြောင်းအရင်းမရှိပဲ သေဆုံးလာပါတော့တယ်။ အဲဒီပန်ဒိုတွေသေဆုံးရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ဖို့အတွက် ဆက်ချာနဲ့ သူ့ရဲ့သားအီသန်တို့ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Format……….: .mp4 & .mkv
Quality………..: Blu-ray
Resolution….: 1080p 5.1CH, 720p, 480p
Duration……..: 1h 42m
Translator…..: MCEC
Encoder………: MZM