
ဒီဇာတ်ကားလေးကတော့ Action, Mystery, Thriller အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်သားဖြစ်တဲ့ သားဖြစ်သူကို ဆုံးရှုံးပြီးနောက်မှာ မစ္စ ပီတာဆန် ဆီကို သားရဲ့ သူငယ်ချင်းဖြစ်သူ ဒေးဗစ်ရောက်လာပါတယ်။ သူ့သားနဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်တဲ့အတွက် ရက်ပိုင်းလောက်တည်းဖို့ ဖိတ်ခေါ်လိုက်တယ်။ ဒေးဗစ်ကတော့ ပီတာဆန်တို့အိမ်မှာ နေစဉ်ကာလအတွင်း အတတ်နိုင်ဆုံး အားလုံးကို ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒေးဗစ်ရောက်လာပြီးနောက်ပိုင်း မြို့မှာ လူသတ်မှုတွေဖြစ်ပေါ်လာပါတယ်။
ဒီတော့ မြို့မှာဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေက ဒေးဗစ်နဲ့ပတ်သက်နေမလား။ ဒေးဗစ်ရောက်လာတဲ့အတွက် ပီတာဆန်မိသားစုမှာရော ဘယ်လိုသက်ရောက်မှုတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။