
Valentine’s day အမှီထွက်လာတဲ့အချစ်ကားလေးတွေထဲကမှ ဒီနှစ်နွေရာသီအတွက်လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။
တက်ဆာဆိုတဲ့ ဆယ်ကျော်သက်မိဘမဲ့ကောင်မလေးတစ်ယောက်၊ သီးခြားနေတတ်သလို မွေးစားမိဘတွေနဲ့လဲအစေးမကပ် သူ့ဝါသနာအလျောက် ကင်မရာတစ်လုံးနဲ့ဓာတ်ပုံလိုက်ရိုက်ဖို့ကလွဲရင် ဘာကိုမှစိတ်မဝင်စားတဲ့ ဂွကျကျမိန်းကလေးဟာ ရုပ်ရှင်ရုံတစ်ခုမှာ စကိုင်လာဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့စတင်ဆုံဆည်းခဲ့ပြီး တစ်ဖြည်းဖြည်း ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ချစ်မဝသေးခင် နွေရာသီတစ်ခုမပြီးဆုံးခင်မတော်တဆမှုတစ်ခုနဲ့ကောင်လေး သေဆုံးသွားခဲ့ပြီး သူကိုယ်တိုင်မသေရုံတမယ်ဒဏ်ရာတွေနဲ့ကျန်ရစ်ခဲ့တဲ့အခါ၊ ဖြေမဆည်နိုင်သေးတဲ့ သူ့ရဲ့ဝန်းကျင်မှာမှ ထူးခြားတဲ့ အတိတ်နိမိတ်အရိပ်အယောင်တွေဆက်တိုက်ပြလာခဲ့ပြီး တမလွန်ကချစ်သူကောင်လေး သူ့ကိုဆက်သွယ်နေတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်လာတဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးကိုဆန့်ကျင်ပြီး တမလွန်ကိုဆက်သွယ်ဖို့ တက်ဆာတစ်ယောက်ကြိုးစားပါတော့တယ်။
Kissing Booth, The Conjuring စတဲ့ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ မင်းသမီးလေး Joey King နဲ့ American Horror Story, West Side Story တို့ရဲ့မင်းသားငယ် Kyle Allen တို့အတွဲညီညီ အပေးအယူမျှမျှခေါင်းဆောင်ပါဝင်ထားပြီး နောက်ခံတေးဂီတအမိုက်စားတွေ Cinematography လှလှလေးတွေနဲ့ရှုစားရမယ့် အချစ်ဇာတ်ကားကောင်လေးတစ်ကားပါ။