
အီလိုင်ရှာဟာ နာမည်ပျက်ရှိထားတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး မျက်နှာဖုံးသတင်းကြီးတစ်ပုဒ်နဲ့ နာမည်ပြန်ရဖို့ကြိုးစားနေသူပါ။ အဲဒီအချိန်မှာ ပူလစ်ဇာဆုရ နာမည်ကျော်ဆောင်းပါးရှင်နစ်ခ်အတွက် လက်ထောက်အဖြစ်နဲ့ အလုပ်လုပ်ပေးဖို့ဖြစ်လာရာကနေ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်နေသူတွေ ပါဝင်ပတ်သက်နေတဲ့ နောက်ကွယ်က လျှိူ့ဝှက်ပူးပေါင်းကြံစည်မှုကို အစကောက်မိပြီး ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေကို အခက်အခဲတွေကြားက ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။