
အားလုံးသိထားတဲ့အတိုင်းရှေ့နစ်ကားရဲ့နောက်ဆက်တွဲမဟုတ်ပဲ Kingsman အဖွဲ့ကြီးစတင်တည်ထောင်ဖြစ်ခဲ့ပုံနောက်ကွယ်ကဇာတ်ကြောင်းပဲဖြစ်ပါတယ်။
အပြင်မှာ တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အဖြစ်အပျက်တွေ ကမ္ဘာစစ်ကြီးတွေကို Kingsmen တွေနဲ့ချိတ်ဆက်ပြသွားတာ အတော်ပညာသားပါပြီး၊ အတော်စားပါတယ်။ အရင်ကားတွေလောက်အက်ရှင်ခန်းမများပေမယ့်ပါသမျှအခန်းတိုင်းက ရေလည်မိုက်ရေလည်ဂေါ်ပါတယ်။ အရွှန်းအသောတွေနဲ့ အက်ရှင်ကားဆိုပေမယ့် R rated ဖြစ်တဲ့အတွက်သတ်ခန်းဖြတ်ခန်းဆဲဆိုခန်းတွေကြမ်းပါတယ်။သုံးထားတဲ့ သရုပ်ဆောင်တွေနဲ့ နောက်ခံတေးဂီတတွေကလဲ ရှယ်ပါပဲ။ ခံစားကြည့်ကြပါ။