
အခုတလောခေတ်စားနေတဲ့ Fall ရဲ့အရှိန်မသေခင်မှာ သူ့အရင်ထွက်ခဲ့ပြီး ဇာတ်လမ်းကောင်းသလောက်လူသိနည်းခဲ့တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ကယ်လီနဲ့ ဆိုဖီတို့ဟာ တောင်တက်ဝါသနာရှင်အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။လွန်ခဲ့တဲ့တစ်နှစ်က တောင်ပေါ်ကလိမ့်ကျသေဆုံးခဲ့တဲ့ကယ်လီရဲ့ချစ်သူ အတွက် အမှတ်တရအထိမ်းအမှတ်၊ အဆုံးထိမရောက်ခဲ့တဲ့ တောင်အပေါ်တက်ဖို့အလာမှာ သူတို့လိုပဲတောင်လာတက်တဲ့ယောက်ျားလေးအုပ်စုတစ်စုနဲ့မိတ်ဖွဲ့ရင်း အတူထိုင်သောက်ကြပါတယ်။ ကယ်လီကစောစောပြန်သွားပေမယ့် အမူးလွန်နေတဲ့ဆိုဖီကတော့ တစ်ယောက်နဲ့အီစီကလီရိုက်ရင်းကျန်ခဲ့ပါတယ်။ အဲ့ဒီကနေ စကားများရန်ဖြစ်ကြ တွန်းကြထိုးကြရင်းလက်လွန်သွားပြီးနောက် ဟိုအုပ်စုက ဆိုဖီကိုတောင်ပေါ်ကပစ်ချပြီး လိမ့်ကျသေသယောင်အလောင်းဖျောက်လိုက်ပါတော့တယ်။
ဒီမြင်ကွင်းကို ကယ်လီဗီဒီယိုရိုက်မိသွားတဲ့အချိန်မှာတော့ အဲ့ဒီဗီဒီယိုကိုရဖို့အတွက် ကယ်လီနောက်ကိုတစ်အုပ်လုံးလိုက်ရာကနေကယ်လီတောင်ပေါ်ကို တက်ပြေးရင်း အလယ်မှာပိတ်မိသွားခဲ့ပါတယ်။ သူ့ကိုနူတ်ပိတ်ဖို့လိုက်ရှာနေတဲ့ ယောက်ျားလေးတစ်အုပ်၊ပစ္စည်းကိရိယာအပြည့်အစုံမပါတဲ့ ကျောက်တောင်အမြင့်ကြီးကနေ သူဘယ်လိုလွတ်အောင်ရုန်းထွက်မလဲဆိုတာအသည်းတယားယား ရင်ဖိုစွာခံစားကြရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။