
ဒီဇာတ်ကားလေးကတော့ Action, Drama, Thriller အမျိုးအစားဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ခရစ်စတင်းဆိုတဲ့ နာဆာက ဘူမိဗေဒပညာရှင်ဟာသဘာဝဘေးတစ်ခုမှာ ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရပြီး သူ့မိသားစုနဲ့လူတော်တော်များများကိုလဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြားလူတွေရာနဲ့ချီသေဆုံးခဲ့ရတဲ့အတွက် သူ့ကိုယ်သူ အပြစ်မကင်းဘူးဆိုပြီး မိသားစုနဲ့ဝေးတဲ့ နယ်မြို့လေးမှာပဲတစ်ယောက်တည်း နေထိုင်ခဲ့ပါတော့တယ်။
သဘာဝဘေးဖြစ်ပြီး သုံးနှစ်လောက်ကြာပြီးတဲ့အခါ နော်ဝေနိုင်ငံကလိုဏ်ခေါင်းတစ်ခုထဲမှာ မတော်တဆမှုဖြစ်ပြီးသူ့ရဲ့လုပ်ဖော်ကိုင်ဖက် ကိုနော့ ဆုံးပါးသွားပါတယ်။ ခရစ်စတင်းက ကိုနော့ လိုဏ်ခေါင်းထဲမှာ ဘာသွားလုပ်နေတာလဲဆိုတာကို လိုက်လံစုံစမ်းရင်း လွန်ခဲ့တဲ့တစ်နှစ်ကထက် အဆပေါင်းများစွာပိုပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်တော့မယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
ဒီတစ်ခါရော ဘယ်လောက်ထိတောင် အင်အားပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ရမှာလဲ၊ ဒီတစ်ခါသဘာဝဘေးမှာရော သူ့မိသားစုနဲ့ လူတွေကို ကယ်တင်နိုင်ဦးမလား ဆိုတာတွေကို စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ပါ။