
အချိန်ခရီးသွားဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ The Visitor From The Future ဖြစ်ပြီးတစ်ကားလုံးမပျင်းရပဲကြည့်ရှုရမဲ့ကားလဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့အနာဂတ်မှာကမ္ဘာကြီးကယိုယွင်းပျက်စီးနေပြီးဖုတ်ကောင်တွေနဲ့ပြည့်နှက်နေပါတယ်။ အဲ့ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့နယူကလီးယားဓာတ်ပေါင်းဖိုကြီးတစ်ခုပေါက်ကွဲရာကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့အနာဂတ်ကလူတွေကဒီလိုမဖြစ်လာအောင်တားဖို့အတွက်နယူကလီးယားဓာတ်ပေါင်းဖိုကြီးတည်ဆောက်မှုရဲ့အဓိကတာဝန်ရှိသူဆီကိုသွားတားပုံကိုရယ်မောဖွယ်ရာ ဒရာမာဆန်ဆန်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။