
ဒီကားကတော့ ၁၉၃၄ခုနှစ်က နော်ဝေးနိုင်ငံမှာဖြစ်ခဲ့တဲ့ တောင်ပြိုမှုကြောင့်ဆူနာမီလှိင်းဖြစ်ပေါ်ပြီး လူပေါင်း ၄၀ သေဆုံးခဲ့တဲ့ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
Kristian ဟာ Geiranger က Akerneset တောင်တန်းတွေကိုစောင့်ကြည့်ရေးဌာနမှာတာဝန်ကျတဲ့ ဘူမိဗေဒပညာရှင်တစ်ယောက်ပါ။ မိသားစုကြောင့်အလုပ်ထွက်ပြီး ရေနံတူးဖော်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ဝင်တော့မယ့်အချိန်မှာပဲ တောင်တွေမှာတပ်ဆင်ထားတဲ့အာရုံခံကိရိယာတွေ မူမမှန်ဖြစ်နေတာကို သတိထားမိသွားပါတယ်။
တောင်ပြိုမှုကြောင့် မီတာ ၈၀ မြင့်တဲ့လှိင်းတွေလာမဲ့အန္တရာယ်ကနေ တခြားသူတွေကို သူအချိန်မှီသတိပေးနိုင်ပါ့မလား။ သူ့မိသားစုကိုရောကယ်တင်နိုင်ပါ့မလား ဆိုတာကိုရင်တမမနဲ့စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ သဘာဝဘေးအန္တရာယ်ဇာတ်ကားကြိုက်နှစ်သက်သူတွေအနေနဲ့လည်း ကောင်းမွန်တဲ့အထူးပြုလုပ်ချက်တွေအတွက် ဝေဖန်မှုကောင်းတွေရရှိထားတဲ့ ဒီနော်ဝေးရုပ်ရှင်ကားက စိတ်မပျက်စေမှာသေချာပါတယ်။