
ဒီဇာတ်ကားလေးက Action, Adventure, Thriller အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ လျှို့ဝှက်အကြံအစည်နဲ့ လူတစ်စုဟာ ရဲတွေ၊ အထက်အရာရှိအာဏာပိုင်တွေ၊ ဘဏ်ထဲက အတွင်းလူတွေနဲ့ပူးပေါင်းပြီး ဘဏ်ဓားပြတိုက်ဖို့အစီအစဉ်တွေချခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့သတ်မှတ်ချက်အရ ဘဏ်တစ်ခုမှာ ကုဋေ၁၀၀၀၀ထက် ပိုထားလို့မရပါဘူး။ ဒါပေမဲ့ သူတို့ဓားပြတိုက်မယ့်ဘဏ်ထဲမှာတော့ ကုဋေ၁၅၀၀၀ ရှိနေတဲ့အတွက် ပိုနေတဲ့ကုဋေ ၅၀၀ကို ဓားပြတိုက်ပြီး ဘဏ်ဘက်ကနေ အမှုဖွင့်လို့မရအောင်ပါအကွက်ကျကျစီစဉ်ထားခဲ့တာပါ။
သူတို့ ဘဏ်ကိုဓားပြတိုက်တဲ့နေ့မှာပဲ ထင်မှတ်မထားတဲ့ အမည်မသိလူတစ်ယောက်ရဲ့တိုက်ခိုက်တာကိုခံရပြီး သူတို့ရဲ့အစီအစဉ်တွေအားလုံးကို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ ဒါပေမဲ့ သူက ဘဏ်ကိုလာကယ်တာမဟုတ်ပဲ ဓားပြတိုက်ဖို့ပဲလာခဲ့တာပါ။ အဲဒီတော့ ဒီဘဏ်ကိုမှ အဖွဲ့နှစ်ဖွဲ့တောင် ဘာဖြစ်လို့ဓားပြလာတိုက်ရတာလဲ။ ဘဏ်ရဲ့နောက်ခံဇာတ်ကြောင်းကရော ဘာဖြစ်မလဲဆိုတာကို မြှုပ်ကွက်လေးတွေနဲ့ အက်ရှင်ဇာတ်ကားရဲ့အနှစ်သာရကို အပြည့်အဝခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။