
ဒီဇာတ်ကားလေးကတော့ Drama အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အိုင်ဟာ စာတော်ပြီး လုံ့လဝီရိယရှိတဲ့ တတိယတန်း အထက်တန်းကျောင်းသူဖြစ်ပါတယ်။ အထက်တန်းပထမတန်းကတည်းကသူနဲ့အတန်းတူတူတက်လာခဲ့တဲ့ တာတိုးဆိုတဲ့ ကောင်လေးကို ချစ်နေခဲ့ပါတယ်။ သူကသာ တစ်ဖက်သက်စွဲလန်းနေပေမဲ့ တာတိုးကတော့ မေးထူးခေါ်ပြောရုံလောက်ပါပဲ။
တစ်နေ့မှာတော့ တာတိုးက စာတစ်စောင်ဖတ်နေတာကို တွေ့လိုက်ရတော့ ဘယ်သူ့ဆီကစာလဲဆိုတာ စုံစမ်းရင်းဆီးချိုရောဂါခံစားနေရတဲ့ မိန်းကလေး မီယူကီရဲ့စာဖြစ်ပြီး သူတို့နှစ်ယောက်မှာ လျှို့ဝှက်ဆက်ဆံရေးရှိတယ်ဆိုတာ သိလိုက်ရတဲ့အခါ အိုင်က တာတိုးအတွက် မီယူကီနဲ့ရင်းရင်းနှီးနှီးနေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး သူတို့သုံးယောက်ကြားကသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဟာ ရှေ့ဆက်ပြီး ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားလိုက်ပါ။