
ဖာရက်ရှ်တက်ရှ်ဆိုတဲ့ကောင်မလေးကမိဘတွေမသိအောင်ရထားတဲ့ကလေးကိုပြုစုစောင့်ရှောက်ပေးနေရတဲ့အမေတစ်ယောက်ပဲဖြစ်ပါတယ်။ ယောက်ျားဖြစ်သူကလဲကလေးရလာလို့ထားသွားပြီးတော့ Single Mother တစ်ယောက်အဖြစ်ရပ်တည်နေရတာပဲဖြစ်ပါတယ်။
တစ်နေ့တော့သူ့မိဘတွေကကိစ္စတစ်ခုရှိလို့သူရှိတဲ့မြို့ကိုတက်လာတဲ့အခါကလေးကိုတခြားတစ်ယောက်ယောက်ဆီမှာသွားပို့ထားဖို့ကြိုးစားရင်းနဲ့အခက်အခဲတွေအများကြီးတွေ့ကြုံခဲ့ရပြီး နောက်ဆုံးမှာတော့မိဘတွေကိုဖွင့်ပြောပြလိုက်တဲ့ပုံကိုသနားဖွယ်ရာရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။