
အက်ဒီတစ်ယောက် ဗီနွန်နဲ့ အတူယှဉ်တွဲနိုင်ထိုင်ဖို့ကြိုးစားရင်း ကလီးတပ်စ်ကာဆာဒီဆိုတဲ့ စိတ္တဇလူသတ်သမားကိုအင်တာဗျူးရာကနေ သူ့ အသက်မွေးဝမ်းကျောင်းကိုလဲ အသက်ပြန်သွင်းနေသလို စိမ်းကားသွားခဲ့ပြီး ဘဝသစ်မှာရှေ့ဆက်ပျော်ရွှင်နေပြီဖြစ်တဲ့ အန်းန်ကိုလဲ မေ့လျော့ဖို့ကြိုးစားနေရပါတယ်။
သူအင်တာဗျူးခဲ့တဲ့ လူသတ်သမားကိုယ်တိုင် alien symbiote တစ်ကောင်ကိုလက်ခံရယူပြီး ဖျက်ဆီးသောင်းကျန်းဖို့ကြိုးစားလာချိန်မှာတော့ အက်ဒီနဲ့ ဗီနွန်တို့ ရန်ဖြစ်နေကြတာတွေ ခဏရပ်ပြီး လက်တွဲညီညီနှိမ်နင်းကြရပါတော့တယ်။
ပထမ ဇာတ်ကားထက် အစစအရာရာသာတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ထူးပြီးကောင်းတယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး။ အက်ဒီနဲ့ ဗီနွန် အတွဲညီချက်ကဟိုအရင် buddy cops movies တွေကြည့်နေရသလို ခွီရ ရီရပါတယ်။ အက်ရှင်ခန်း CGI တွေပိုခမ်းနားအဆင့်မြင့်သပ်ရပ်လာပါတယ်။
စာတန်းထိုးချိန်မှာ စောင့်ကြည့်ရမယ့် credit scene တစ်ခုပါဝင်ထားပါတယ်။