
ဒီဇာတ်ကားလေးက Thriller အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဗိုင်အိုလက်ဆိုတဲ့ကောင်မလေးဟာ သူ့အမေဆုံးသွားပြီးတော့သူ့အဖေက နောက်အိမ်ထောင်ပြုလိုက်တဲ့အတွက် မိထွေးနဲ့အတူတူနေနေရတာပေါ့။ ဗိုင်အိုလက်ဟာ သူ့အမေဆုံးသွားတာ မကြာသေးပဲ မြန်မြန်ဆန်ဆန်နောက်အိမ်ထောင်ပြုလိုက်တဲ့ သူ့အဖေကို လုံးဝအစာမကြေခဲ့ပါဘူး။ အဲဒီတော့ အဖေဖြစ်သူကို အရွဲ့တိုက်ရင်း လူဆိုးမလေးဖြစ်နေခဲ့တာပေါ့။
တစ်နေ့မှာတော့ သူ့အဖေဟာ ပန်းခြံထဲမှာ အပြေးလေ့ကျင့်ရင်းနဲ့ အသတ်ခံလိုက်ရပါတော့တယ်။ စုံထောက်တွေ ရဲတွေက အခင်းဖြစ်တဲ့နေရာမှာ ဘာသက်သေအထောက်အထားမှရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ ဗိုင်အိုလက်ဟာ အဖေဖြစ်သူအသတ်ခံလိုက်ရတော့ သူ့ဘဝကြီးတစ်ခုလုံးပျက်သုန်းသွားသလို ခံစားနေခဲ့ရတာပေါ့။ ဒါပေမဲ့ ရဲတွေစုံစမ်းတာ အမှုကဘာမှထူးခြားမလာတော့ သူ့ဘာသာသူစုံစမ်းမယ်လို့ဆုံးဖြတ်ချက်ချပြီး သူ့အဖေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စတင်စုဆောင်းပါတော့တယ်။
ဗိုင်အိုလက်ဟာ သူ့အဖေကိုသတ်သွားတဲ့လူသတ်တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို မြှုပ်ကွက်လေးတွေနဲ့စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။