ဆိုဖီယာဟာ အေးဆေးနေတတ်ပြီးအပေါင်းအသင်းနည်းတဲ့ဆယ်ကျော်သက်လေးတစ်ယောက်၊ ဟော်ကီကစားနည်းနဲ့အချိန်ကုန်တတ်သလိုအဲ့ဒီနေရာမှာချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ဓာတ်ပုံအရိုက်မခံတဲ့သူ့အဖေစကားကိုမလိုက်နာပဲ ခိုးရိုက်ပြီး Instagram မှာတင်လိုက်မိရာကနေ သူ့ဘဝတစ်ခုလုံးကပြောင်းကပြန်ဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။ သူအိမ်ကိုအပြန်မှာ သူ့အမေနဲ့ဦးလေးကို လူနှစ်ယောက်က လာသတ်သွားတဲ့အပြင်သူ့ကိုပါသတ်ဖို့လိုက်ရာကနေ သီသီလေးလွတ်မြောက်ခဲ့ပါတယ်။ လမ်းမှာသူ့အဖေနဲ့ဆုံရင်း ဒီလူသတ်သမားတွေရန်ကနေအသက်လုပြေးရင်း သူ့အဖေရဲ့နောက်ကြောင်းတွေကိုသိလာရပါတော့တယ်။
သူတို့သားအဖနှစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ? တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးကိုဖျက်ဆီးသွားတဲ့ ရက်စက်ပြီးအင်အားကြီးတဲ့ရန်သူတွေကိုဘယ်လို လက်တုန့်ပြန်ရင်ဆိုင်မလဲဆိုတာ ရှုစားရမယ့် Crime/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: WEB-DL
- Resolution….: 1080p 5.1CH, 720p, 480p
- Duration……..: 1h 30m
- Translator…..: Dreamy
- Encoder………: MZM