Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Resident Evil: Welcome to Raccoon City (2021)

Resident Evil: Welcome to Raccoon City (2021)
107 min|Action, Horror, Sci-Fi|24 Nov 2021
5.2Rating: 5.2 / 10 from 50,067 usersMetascore: 44
Set in 1998, this origin story explores the secrets of the mysterious Spencer Mansion and the ill-fated Raccoon City.

နာမည်ကျော် Resident Evil film series တွေအတွက် reboot ဖြစ်ပြီး အဖြစ်အပျက်တွေရဲ့အစ ၁၉၉၈ ဝန်းကျင်ကိုပြန်သွားထားပါတယ်။ ကလဲရ်(ရက်ဒ်ဖီးလ်)ဟာ ချက်ရွမ်းမှာတွေ့ခဲ့တဲ့မိတ်ဆွေတစ်ယောက်ဆီကတစ်ဆင့်ကြားသိရတဲ့ Umbrella ရဲ့လျှို့ဝှက်ချက်တွေကြောင့်သူ့အစ်ကို ခရစ်စ်(ရက်ဒ်ဖီးလ်)ကို Raccoon City ကနေခေါ်ဖို့ပြန်လာခဲ့ပါတယ်။

တစ်ချိန်ကအကြီးစားဆေးကုမ္ပဏီကြီး Umbrella ရဲ့အခြေစိုက်အဖြစ် တိုးတက်စည်ပင်ခဲ့တဲ့ Raccoon City ဟာ Umbrella စွန့်ခွာသွားတဲ့နောက်ပိုင်း အခုချိန်မှာမြို့ပျက်ကြီးနီးပါးဖြစ်နေပြီး Umbrella ရဲ့မဖြစ်မနေ ကျန်ရှိရမယ့်အမှုထမ်းတစ်ချို့ရယ်ပြောင်းရွှေ့ဖို့မတတ်နိုင်တဲ့လူဆင်းရဲတစ်ချို့နဲ့ရဲတပ်ဖွဲ့ဝင်တွေလောက်ပဲကျန်တော့တာပါ။

မြေပြင်ပေါ်ကတိုးတက်များပြားလာတဲ့ အန္တရာယ်တွေဖုတ်ကောင်တွေအပြင် မနက် ၆:၀၀ နာရီအတိမှာ မြို့ကိုဖျက်စီးပစ်ဖို့ကြံရွယ်ထားတဲ့ Umbrella ရဲ့အစီအစဉ်တွေကိုသိလိုက်ရချိန်မှာ သူတို့အတွက်အချိန်သိပ်မကျန်တော့ပါဘူး။

အစပိုင်းအပျိုးကနေ ဇာတ်သိမ်းအထိ မနားတမ်းတောက်လျှောက်ကြမ်းပြထားပါတယ်၊ သတ္တဝါကြီးတွေ ဖုတ်ကောင်တွေ အသွင်ပြောင်းသွားပုံနဲ့အက်ရှင်ခန်းတွေလဲ အတော်မိုက်ပြီး Rated-R ယူထားတဲ့အတွက် သွေးထွက်သံယိုခန်းတွေလဲခပ်များများပါဝင်ပါတယ်။

ဂိမ်းပရိသတ်တွေအတွက် တစ်ချို့အခန်းတွေမျှော်လင့်ချက်နဲ့မကိုက်တဲ့အတွက် မှန်းသလောက်မဖြစ်ခဲ့ပေမယ့် Horror,Action ဇာတ်ကားတစ်ကား၊ Monster ကားအနေနဲ့ဆိုရင်တော့ Entertainment အပြည့်အဝပေးနိုင်တဲ့ ဇာတ်ကားတစ်ကားပါ။Post Credit Scene တစ်ခုပါဝင်ပြီး နောက်လာမယ့် sequel အတွက်လမ်းကြောင်းထားပါသေးတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K TrueHD 7.1, 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 47m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Web-DL   Web-rip   

Crimes of the Future (2022)

ဇာတ်လမ်းက တော့ အတော်စိတ်ဝင်စားစရာပါ။ အခုချိန်မှာ ကျွန်တော်တို့လူသား အားလုံး မလိုချင်တဲ့ အရာကို ဒီဇာတ်လမ်းထဲမှာ သူတို့က လိုလိုချင်ချင်နဲ့ကို ရှာဖွေနေကြပါတယ်။ အဲ့ဒါကတော့ နာကျင်မှုပါ။ ကျွန်တော်တို့ထင်တာကတော့ နာကျင်မှုတွေမရှိရင် ကောင်းမှာပဲလို့ထင်ခဲ့ကြပေမယ့် ဒီဇာတ်လမ်းထဲမှာ နာကျင်မှုမရှိတော့ရင် ဖြစ်မယ့် ဒုက္ခတွေကိုရိုက်ကူးထားတာပါ။ လိင်ပိုင်းဆိုင်ရာ ဒုက္ခတွေအထိပါပါတယ်။ ဇာတ်လမ်းအစမှာတော့ ကောင်လေးတစ်ယောက်က ပလက်စတစ်တွေ စားနေလို့ သူ့အမေကိုယ်တိုင်ရဲ့ သတ်ခြင်းကိုခံခဲ့ရပါတယ်။ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဆောတန်ဆာမှာ အတွင်းကလီစာတွေ အသစ်သစ်ဖြစ်နေတဲ့ ရောဂါဆန်းတစ်မျိုးလည်းရှိလို့နေပါတယ်။ ကပရိစ်ဆိုတဲ့ မိန်းကလေးက အဲ့ကလီစာတွေ ကို တက်တူးထိုးပြီး ထုတ်ထုတ်ပေးနေရပါတယ်။ ဒါကို သူတို့က အတွင်းအင်္ဂါ အလှလို့သတ်မှတ်ကြပါတယ်။ သူတို့နဲ့ခုနက သေသွားတဲ့ ကောင်လေးတို့က ဘယ်လိုတွေဆက်ဆက်နေမလဲဆိုတာတော့ ဇာတ်လမ်းထဲပဲကြည့်လိုက်ကြပါ။ စိတ်ဝင်စားပြီးကြည့်ရင် တကယ်စိတ်ဝင်စားစေမယ့် စိတ်ကူးယဥ် သိပ္ပံ ဇာတ်ကားကောင်းလေးတစ်ခုပါ။ […]
  • 4k
  • 4 weeks ago
Movies   Web-DL   

Incantation (2022)

ဇူလိုင်လ ၈ ရက်မှာ ဒီဇာတ်ကားကိုနက်ဖလစ်မှာစတင်ပြသခဲ့ပြီး ချက်ချင်းဆိုသလို ၁၂ လအတွင်းဝင်ငွေအကောင်းဆုံးထိုင်ဝမ်ရုပ်ရှင်ဖြစ်သွားခဲ့သလို ထွက်ရှိခဲ့ဖူးသမျှမှာ ဝင်ငွေအကောင်းဆုံး ထိုင်ဝမ်ထိတ်လန့်သည်းဖိုကားလဲဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာ ဇာတ်ဆောင်အမျိုးသမီးက ပရိသတ်တွေကို သူ့သမီးအပေါ်သင့်နေတဲ့ ကျိန်စာကနေ ကယ်တင်ဖို့အထောက်အကူဖြစ်အောင်မန္တာန်တစ်ခုကို သံပြိုင် (စိတ်ထဲကဖြစ်ဖြစ်) လိုက်ရွတ်ခိုင်းခဲ့ပါတယ်။ အစပိုင်းမှာ လိုက်ရွတ်ခဲ့မိကောင်းလိုက်ရွတ်နိုင်မိလောက်တဲ့ ပရိသတ်ဟာ ဇာတ်သိမ်းချိန်မှာတော့ ထိတ်လန့်တကြားဖြစ်ပြီး ပွဲဆူသွားတဲ့နောက် ပြန်ပြီးရှင်းလင်းပေးရတဲ့ အထိကြီးကျယ်သွားခဲ့ပါသေးတယ်။ found footage ပုံစံနဲ့တင်ဆက်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ ဒီကားဟာ ပထမဆုံးမဟုတ်ရုံတင်မက လက်ရှိအနေအထားမှာနောက်ဆုံးပါ၊ blair witch project (1999) မှာစတင်ထိတွေ့ခဲ့ကြပြီး ဒီလိုကားမျိုးတွေဟာ စရိတ်ကျဉ်းကျဉ်းနဲ့ဝင်ငွေကိုသဲ့ယူနိုင်တာ ထုတ်လုပ်သူတွေသိခဲ့တဲ့နောက်ပိုင်း ရိုးအီနေအောင်ကို ပရိသတ်မြင်ခဲ့ဖူးပြီးသားအမျိုးအစားပါပဲ။ ဒီလိုဆိုရင် ဒီကားဘာကြောင့် အခုလောက်အထိ ပေါက် သွားလဲဆိုတာကိုဆက်လက်ရှုစားကြပါ၊ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒီလိုပဲ ပွဲဆူသွားခဲ့တဲ့ ထိုင်း-ကိုရီးယားဖက်စပ် The […]
  • 4k
  • 4 weeks ago
Movies   Blu-ray   

Encanto (2021)

အရွယ်သုံးပါးမရွေး အကြိုက်တွေ့စေမယ့် အသစ်စက်စက် Disneyကာတွန်းကားလေး Encantoလာပါပြီ။ IMDb ratingလည်း 7.4အထိရထားတဲ့အပြင် စပိန်စကားလေးတွေညှပ်ညှပ်ပြောတဲ့အပြင် စပိန်သံဝဲဝဲနဲ့သီချင်းလေးတွေဆိုပြီး သရုပ်ဖော်ရိုက်ကူးထားတာကြောင့် လုံးဝမပျင်းရဘဲ စိတ်ပေါ့ပါးစေမယ့် ကားသစ်လေးပါ။ ထွက်ထွက်ပြီးချင်း ဆုတွေလည်းလေးဆုအထိ သိမ်းပိုက်ထားလို့ ကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ တောင်တွေပတ်လည်ဝိုင်းထားတဲ့ အန်ကန်တိုဆိုတဲ့နေရာလေးမှာ မှော်အစွမ်းတွေပိုင်ဆိုင်ထားတဲ့ မာဒရီဂယ်မိသားစုလေးရှိပါတယ်။ သူတို့မိသားစုမှာ ခွန်အားကြီးတဲ့သူကနေ ဘယ်အနာရောဂါမဆိုပျောက်စေနိုင်တဲ့ အစွမ်းရှိသူအထိ စုံလင်စွာရရှိထားပေမဲ့ မီရာဘယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်မှာပဲ ဘာအစွမ်းမှပေါ်မလာခဲ့ပါဘူး။ မာဒရီဂယ်တွေက သူတို့အစွမ်းတွေကိုသုံးပြီး ရွာကအခြားလူတွေကိုကူညီပေးသလို မိသားစုအတွက် အကောင်းဆုံးနေထိုင်ကြလို့ မီရာဘယ်လည်း သူတတ်အားတဲ့နေရာကနေ မိသားစုဂုဏ်တက်ရအောင် အမျိုးမျိုးကူညီဖို့လုပ်ပေမဲ့ သူလုပ်သမျှက ဝင်ရှုပ်မိသလိုဖြစ်နေတဲ့အခါ……..။ ဒီလိုနဲ့နေလာရင်းတစ်ရက်မှာ သူတို့ရထားတဲ့မှော်အစွမ်းတွေ ပြယ်စပြုလာပြီး အန်ကန်တိုတစ်ခုလုံးအန္တရာယ်ရှိလာပါတယ်။ ဒီလိုဖြစ်ရတာကလည်း မီရာဘယ်နဲ့ တစ်ခုခုပက်သက်နေတယ်ဆိုပြီး နိမိတ်မှာပေါ်လာတဲ့အခါ မီရာဘယ်တစ်ယောက် အမှန်တရားကိုရှာဖွေပြီး သူ့မိသားစုကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားစရာ […]
  • 4k
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)