ရေဆိုတာဆင်းရဲချမ်းသာမရွေး လူတိုင်းအတွက်အရေးပါပါတယ်။ အခုဇာတ်ကားလေးကလဲအိန္ဒိယမှာရေအတွက်တိုက်ခိုက်ခဲ့ရတဲ့လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။
အစိုးရအဖွဲ့ရဲ့အကောင်ကြီးတစ်ယောက်ကအိန္ဒိယနိုင်ငံရဲ့ရေပြဿနာတွေကိုဖြေရှင်းဖို့အတွက်ရေတွေအကုန်လုံးကိုပိုက်လိုင်းတစ်ခုတည်းမှာစုစည်းပြီးတစ်နိုင်ငံလုံးကိုဖြန့်ဝေပေးဖို့စီမံကိန်းကိုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်ဒီစီမံကိန်းရဲ့နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်တစ်ခုကရှိနေခဲ့ပါတယ်။ အဲ့ဒီအကြံအစည်ကတော့အလကားရနေတဲ့ရေတွေကိုစီးပွားရေးထုတ်ကုန်တစ်ခုအဖြစ်ပြောင်းလဲပြီး ရောင်းချဖို့ပါပဲ။ သူတို့ရောင်းချတဲ့ရေတွေကိုထည့်ထားတဲ့ရေသန့်ဘူးတွေကြောင့်ကလေးတစ်ယောက်ကရောဂါဖြစ်ခဲ့ပါတယ်။ အဲ့ဒီကလေးရဲ့အမေကသူ့သားအတွက်ဒီကုမ္ပဏီတွေကို ဆန္ဒပြတိုက်ခိုက်ရင်းနဲ့အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရပါတယ်။
အဲ့ဒီအမှုကိုစုံစမ်းရေးမှုးတစ်ယောက်တစ်ဖြစ်လဲ နိုင်ငံတော်သစ္စာဖောက်ရဲ့သားလို့အခေါ်ခံနေရတဲ့ ဗီဂျေးကလိုက်စုံစမ်းရင်းနဲ့ဒီစီးပွားရေးသမားတွေရဲ့မကောင်းတဲ့အစီအစဉ်တွေကိုတားနိုင်မလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: WEB-DL
- Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
- Duration……..: 2h 47m
- Translator…..: Saw Lay
- Encoder………: MZM