ခရစ္စမတ်အချိန်နီးလာပြီဖြစ်တဲ့အတွက်ပေါ့ပေါ့ပါးပါးခရစ္စမတ်ကာတွန်းကားလေးတစ်ကားတင်ဆက်ပေးပါရစေ။ ကာတွန်းကားဆိုပေမဲ့လူကြီးလဲကြည့်လို့ရပြီးဘဝအတွက်သင်ခန်းစာတွေအများကြီးရစေမဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
မစ္စတာစခရုဆိုတဲ့လူတစ်ယောက်ဟာငွေတိုးချေးစားတဲ့သူဖြစ်ပြီးခရစ္စမတ်ကိုအရမ်းမုန်းတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ သူကလူတိုင်းအပေါ်ကိုမောက်မောက်မာမာရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သူဖြစ်ပြီးဆင်းရဲတဲ့သူတွေအပေါ်မှာလဲအနိုင်ကျင့်တတ်ပါတယ်။အရာရာကို ငွေ ငွေ ငွေပဲမြင်နေတတ်တဲ့သူပဲဖြစ်ပြီးသနားကြင်နာစိတ်လုံးဝကင်းမဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ခရစ္စမတ်အကြိုညတစ်ညမှာသူ့ရဲ့သေဆုံးသွားတဲ့လုပ်ဖော်ကိုင်ဖက်နဲ့အိပ်မက်လိုလိုတွေ့ရှိခဲ့ပြီးသူအခုလိုလောဘတွေကိုအတောမသတ်ပဲဒီအတိုင်းရှေ့ဆက်သွားနေရင်သူ့လိုမျိုးဆိုးဝါးတဲ့အနာဂတ်ကိုတွေ့ရမယ်လို့သတိပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာမစ္စတာစခရုဆီကိုအတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ဧည့်သည်သုံးယောက်ကအလည်လာပြီးသူ့ဘဝအတွက်သင်ခန်းစာတွေပေးသွားပြီးနောက်ဆုံးမှာနောင်တရပြီးလူကောင်းတစ်ယောက်အဖြစ်ပြန်ဖြစ်သွားတာကိုကြည့်ရှူရမဲ့ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: WEB-DL
- Resolution….: 1080p 5.1CH, 720p, 480p
- Duration……..: 1h 37m
- Translator…..: Saw Lay
- Encoder………: MZM