ဒီဇာတ်ကားလေးက Adventure, Comedy, Family အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ နီမိုဆိုတဲ့ကောင်မလေးတစ်ယောက်ဟာမီးပြတိုက်မှာ သူ့အဖေနဲ့နှစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်ညမှာတော့လှိုင်းတွေလေတွေအရမ်းကြမ်းနေတဲ့အချိန်မှာ လှေတစ်စီးက ဒုက္ခရောက်နေလို့ရေဒီယိုထဲက အကူအညီလှမ်းတောင်းတော့ နီမိုရဲ့အဖေက ကူညီပေးဖို့ထွက်သွားခဲ့ပါတယ်။ အဲဒီညမှာ နီမိုဟာ ထူးဆန်းတဲ့အိပ်မက်ဆိုးကြီးမက်ခဲ့ပြီးမနက်ရောက်တော့ သူ့အဖေပြန်ရောက်မလာခဲ့ပါဘူး။ ဒီလိုအဖြစ်ဆိုးကြီးနဲ့ရုတ်တရက်ကြီး ကြုံတွေလိုက်တဲ့ နီမိုဟာ ခံနိုင်ရည်မရှိခဲ့ပါဘူး။
ဆွေမျိုးသားချင်းဆိုလို့ သူ့အဖေရဲ့ညီ ဦးလေးဖီလစ်တစ်ယောက်ပဲရှိတဲ့အတွက် နီမိုဟာ သူ့ဦးလေးနဲ့အတူလိုက်နေခဲ့ရပါတယ်။ သူ့ဦးလေးအိမ်ကိုရောက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ခဲ့ပါတယ်။ အဲဒါကတော့ သူ့အဖေပြောပြဖူးတဲ့ပုံပြင်ထဲက ဖလစ်ဆိုတဲ့လူဟာ အိပ်စက်ခြင်းနယ်မြေရဲ့မြေပုံကိုလိုက်ရှာနေပါတယ်။ အဲဒီမြေပုံကိုရရင် အိပ်စက်ခြင်းနယ်မြေက ပုလဲလုံးတွေကိုရှာတွေ့နိုင်ပြီး လိုချင်တဲ့ဆုတောင်းလို့ရတယ်လို့ သိလိုက်ရတဲ့အခါ နီမိုတစ်ယောက် သူ့အဖေကိုပြန်တွေ့ချင်စိတ်နဲ့ အဲဒီမြေပုံကိုလိုက်ရှာပြီး ဖလစ်နဲ့အတူ ဘယ်လိုစွန့်စားခန်းဖွင့်ကြမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် Adventure ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
- Format……….: .mp4 & .mkv
- Quality………..: WEB-DL
- Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p
- Duration……..: 1h 57m
- Translator…..: MCEC
- Encoder………: MZM