Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Soul (2020)

Soul (2020)
100 min|Animation, Adventure, Comedy|25 Dec 2020
8.0Rating: 8.0 / 10 from 315,262 usersMetascore: 83
After landing the gig of a lifetime, a New York jazz pianist suddenly finds himself trapped in a strange land between Earth and the afterlife.

အသစ်လေးတွေ ထပ်ပြီးတင်ဆက်ပေးလိုက်ပါ်တယ်နော်။ ခုတလောလေးကမှ Disney ကထွက်ရှိထားတဲ့ ကာတွန်းကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်။ ကာတွန်းကားဆိုပြီး အထင်တော့မသေးလိုက်ပါနဲ့။ IMDb rating 8.3ထိကိုရ ရှိထားတာပါ။ Disneyကထုတ်တာဖြစ်လို့မကောင်းမှာလည်းစိတ်မပူရပါဘူး။

ဂျိုးဆိုတဲ့ ဂီတပညာရှင်တစ်ယောက်ဟာ ကျောင်းတွေမှာ ဂီတဘာသာရပ်သင်ကြားပြီး တီးဝိုင်းတွေမှာ လိုက်တီးခတ်တဲ့သူပေါ့။ တစ်နေ့ကျ သူလုံးဝကိုလိုက်တီးချင်နေခဲ့တဲ့ နာမည်ကြီးအဖွဲ့တစ်ခုနဲ့ သွားတွေ့ပါတော့တယ်။ သူကိုကမ်းလှမ်းလာတော့ အပျော်လွန်ပြီးမြောင်းထဲကျပြီး မျောသွားတော့တာပေါ့။ သူမျောနေတုန်း သူရဲ့စိတ်ဝိညာဉ်က သူတို့တွေနေထိုင်တဲ့ ဝိညာဉ်ကမ္ဘာကိုရောက်သွားပါတော့တယ်။

တကယ်တော့ လူတွေက မဖွားခင်မှာသူတို့ရဲ့ အကျင့်စရိုက်တွေကို စိတ်ဝိညာဉ်တွေက လေ့လာသင်ယူခဲ့ရတာပါ။ နောက်ပြီးမှ ကမ္ဘာမြေက လူဆီက ဝင်ရောက်နိုင်တာပေါ့။ ဂျိုးရဲ့ ဝိညာဉ်ကလည်း သူတို့ဝိညာဉ်လောကဆီမှာ သင်ကြားပြသသူ လာဖြစ်နေတာပေါ့။

ဒါပေမဲ့ ဂျိုးဝိညာဉ်ကတော့ သူရဲ့ ခန္ဓာကိုယ်ဆီပဲ ပြန်သွားချင်နေပါတေ့ာတယ်။ သွားဆို တီးဝိုင်းလိုက်တီးဖို့ချိန်းထားခဲ့တာလေ။ ဝိညာဉ်လောကမှာ သင်ကြားသူနဲ့ တပည့်ဆိုပြီး ၂ယောက်တစ်တွဲ လုပ်ငန်းစဉ်တွေလုပ်ရပါတယ်ဂျိုးကလည်း သူ့အဖော်ဝိညာဉ်နဲ့ ကမ္ဘာမြေက သူခန္ဓာကိုယ်ရှိတဲ့ဆီကိုလာခဲ့ပါတော့တယ်။ ကံဆိုးတာက သူခန္ဓာကိုယ်နားမှာ ကြောင်တစ်ကောင်ရှိနေတော့ ဂျိုးဝိညာဉ်က သူခန္ဓာကိုယ်ဆီမရောက်ပဲ ကြောင်ထဲရောက်သွားပါတော့တယ်။ သူအဖော်ကတော့ သူခန္ဓာထဲမှာပေါ့။ နှစ်ယောက်သားဘယ်လိုရှေ့ဆက်ကြမလဲ။ခန္ဓာချင်းဘယ်လိုပြန်လဲကြမလဲဆိုတာ တခွီးခွီးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဂျိုးတို့ တွဲဖက်၂ယောက်ရဲ့သံယောဇဉ်ကိုကြည့်ပြီးသနားစရာကောင်းပုံတွေကိုလည်းမြင်တွေ့ရမှာပါ။ ခုပဲ ကြည့်လိုက်ကြပါဦး။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 4K 5.1CH, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 40min
  • Translator…..: Thiha Lwin
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။ ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

The Stronghold (2021)

ဒီတစ်ခါတော့ ရဲစုံထောက်ကားတွေကိုမှ သဘောကျသူတွေ အကြိုက်တွေ့စေမယ့် Action, Crime, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပြင်မှာတကယ်ဖြစ်ခဲ့ဖူးတာကို ကျောရိုးယူပြီးတော့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာဆီလီနယ်မြေဆိုတာ ပြင်သစ်နိုင်ငံက ရာဇဝတ်မှုတွေထူပြောပြီး သေနတ်ကိုင်ထားတဲ့လူမိုက်တွေက မူးယစ်ဆေးတွေကိုပေါ်တင်ရောင်းနေတဲ့ ခရိုင်တစ်ခုပါ။ အဲဒီနေရာမှာဆိုရင် ရပ်ကွက်တစ်ခုလုံးဟာ မူးယစ်ဆေးရောင်းသူနဲ့ သုံးစွဲသူတွေချည်းဖြစ်လို့ ရဲဆိုရင်အဝင်မခံတဲ့အထိ သောင်းကျန်းနေကြတာပါ။ ဂရက်၊အန်တိုနီနဲ့ရက်စ်တို့ သူငယ်ချင်းသုံးယောက်က မူးယစ်ဆေးတွေဖမ်းရတဲ့ မြောက်ပိုင်းဌာနရဲတပ်ဖွဲ့ကပါ။ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်လကိုဘယ်နှစ်မှုဖမ်းရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ပြည့်မီအောင်ဖမ်းရပါတယ်။ ဒါကြောင့် အဲဒီလိုပြည့်မီအောင် ဆေးလိပ်မှောင်ခိုလိုမျိုး ခပ်သေးသေးအမှုတွေကိုပဲဖမ်းနေရတာ စိတ်ကုန်လာတဲ့ သူတို့သုံးယောက်ဟာ မူးယစ်ရာဇာခေါင်းဆောင်ပိုင်းအထိဖော်ထုတ်ပြီး ဒီဒေသကမူးယစ်ဂိုဏ်းကို အမြစ်ကလှန်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုကြိုးစားကြရာမှာ သူတို့ဘယ်လိုနည်းလမ်းတွေသုံးဖို့လိုလာမလဲ။ ဘယ်လိုအခက်အခဲတွေကြုံရမလဲ။ ကိုယ်နဲ့တစ်လှေတည်းစီးနေတယ်လို့ ထင်နေတဲ့လူတွေက နောက်ကျောကိုဓားနဲ့ထောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။ Format……….: .mp4 & […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

Resident Evil: Welcome to Raccoon City (2021)

နာမည်ကျော် Resident Evil film series တွေအတွက် reboot ဖြစ်ပြီး အဖြစ်အပျက်တွေရဲ့အစ ၁၉၉၈ ဝန်းကျင်ကိုပြန်သွားထားပါတယ်။ ကလဲရ်(ရက်ဒ်ဖီးလ်)ဟာ ချက်ရွမ်းမှာတွေ့ခဲ့တဲ့မိတ်ဆွေတစ်ယောက်ဆီကတစ်ဆင့်ကြားသိရတဲ့ Umbrella ရဲ့လျှို့ဝှက်ချက်တွေကြောင့်သူ့အစ်ကို ခရစ်စ်(ရက်ဒ်ဖီးလ်)ကို Raccoon City ကနေခေါ်ဖို့ပြန်လာခဲ့ပါတယ်။ တစ်ချိန်ကအကြီးစားဆေးကုမ္ပဏီကြီး Umbrella ရဲ့အခြေစိုက်အဖြစ် တိုးတက်စည်ပင်ခဲ့တဲ့ Raccoon City ဟာ Umbrella စွန့်ခွာသွားတဲ့နောက်ပိုင်း အခုချိန်မှာမြို့ပျက်ကြီးနီးပါးဖြစ်နေပြီး Umbrella ရဲ့မဖြစ်မနေ ကျန်ရှိရမယ့်အမှုထမ်းတစ်ချို့ရယ်ပြောင်းရွှေ့ဖို့မတတ်နိုင်တဲ့လူဆင်းရဲတစ်ချို့နဲ့ရဲတပ်ဖွဲ့ဝင်တွေလောက်ပဲကျန်တော့တာပါ။ မြေပြင်ပေါ်ကတိုးတက်များပြားလာတဲ့ အန္တရာယ်တွေဖုတ်ကောင်တွေအပြင် မနက် ၆:၀၀ နာရီအတိမှာ မြို့ကိုဖျက်စီးပစ်ဖို့ကြံရွယ်ထားတဲ့ Umbrella ရဲ့အစီအစဉ်တွေကိုသိလိုက်ရချိန်မှာ သူတို့အတွက်အချိန်သိပ်မကျန်တော့ပါဘူး။ အစပိုင်းအပျိုးကနေ ဇာတ်သိမ်းအထိ မနားတမ်းတောက်လျှောက်ကြမ်းပြထားပါတယ်၊ သတ္တဝါကြီးတွေ ဖုတ်ကောင်တွေ အသွင်ပြောင်းသွားပုံနဲ့အက်ရှင်ခန်းတွေလဲ အတော်မိုက်ပြီး Rated-R ယူထားတဲ့အတွက် သွေးထွက်သံယိုခန်းတွေလဲခပ်များများပါဝင်ပါတယ်။ ဂိမ်းပရိသတ်တွေအတွက် တစ်ချို့အခန်းတွေမျှော်လင့်ချက်နဲ့မကိုက်တဲ့အတွက် မှန်းသလောက်မဖြစ်ခဲ့ပေမယ့် Horror,Action […]
  • 4k
  • 3 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)