Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Special Delivery (2022)

Special Delivery (2022)
109 min|Action, Crime, Thriller|12 Jan 2022
6.4Rating: 6.4 / 10 from 961 usersMetascore: N/A
"I deliver everything that the post office service does not handle." Eun-ha, who is a normal junkyard employee, secretly works as a delivery clerk that deals with unusual delivery requests.

အွန်ဟာ (So-dam Park (Parasite)) ကကားဟောင်းပြုပြင်တဲ့ဝပ်ရှော့တစ်ခုကသာမန်ဝန်ထမ်းတစ်ယောက်လို့ထင်ရပေမယ့် အရေးတကြီးထွက်ပြေးဖို့လိုအပ်နေတဲ့လူတွေ၊ အန္တရာယ်ကြီးတဲ့အဖိုးတန်ပစ္စည်းတွေကိုဘေးကင်းစွာပို့ဆောင်ပေးတဲ့အထူးပို့ဆောင်ရေးကားမောင်းသမားတစ်ယောက်အဖြစ် လျှို့ဝှက်လုပ်ကိုင်ပါတယ်။

တစ်နေ့မှာတော့ နိုင်ငံတွင်းကနေ အသည်းအသန်ထွက်ပြေးဖို့လိုအပ်နေတဲ့သားအဖနှစ်ယောက်ကိုပို့ဆောင်ဖို့သွားအကြိုမှာ လွဲချော်မှုတွေကြုံခဲ့ရပြီး အဲ့ဒီကလေးကို အွန်ဟာကိုယ်တိုင်အဆုံးထိ တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။

သူ့နောက်က လိုက်နေတဲ့လူတွေဟာ သာမန်ရဲတွေတင်မဟုတ်ပဲ၊ အန္တရာယ်ကြီးတဲ့ ဂန်းစတားတွေ လက်မရွံ့တွေပါ ပါဝင်နေတဲ့နောက်မှာတော့အွန်ဟာတစ်ယောက်တည်း ကလေးတစ်ဖက်နဲ့ ဘယ်လိုလွတ်အောင်ရုန်းရမလဲဆိုတာကိုရှုစားကြရမှာပါ။

Baby Driver တို့ Transporter တို့လိုပုံစံဇာတ်လမ်းမျိုးဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လဲပေါ့ပါးသွက်လက်သလိုအက်ရှင်ခန်းတွေလဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ လှပကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Blu-ray
  • Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p
  • Duration……..: 1h 49m
  • Translator…..: Dreamy
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

Spider-Man: No Way Home (2021)

ပွဲတိုင်းကျော်ကြီး MARVEL ရဲ့ အသစ်စက်စက် စပိုက်ဒါမန်းရုပ်ရှင်ကားကြီး လာပါပြီ။ Marvel Universe ထဲက ရုပ်ရှင်ကားဖြစ်လို့ ပထမရုပ်ရှင်ကားတွေနဲ့ အကုန်ဆက်စပ်နေတဲ့အပြင် Oscar ဆုအတွက်လည်း လျာထားခံရပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ယူထားပြီး ပရိတ်သတ်တွေဆီက အချစ်တွေပါသိမ်းယူထားပါသေးတယ်။ ဇာတ်လမ်းအစမှာတော့ Mysterio က စပိုက်ဒါမန်းကဘယ်သူပါဆိုပြီး ဖော်ကောင်လုပ်ချလိုက်တဲ့နေရာက ဆက်ထားပါတယ်။ ပီတာပါကာဆိုတဲ့ သူ့သရုပ်မှန်ပေါ်ပေါက်သွားတာကြောင့် 17နှစ်အရွယ် ပေါက်စလေးတစ်ယောက်က နေ့ချင်းညချင်း ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုနာမည်ကြီးမှုနဲ့အတူ ဆိုးကျိုးတွေလည်း ပူးတွဲပါလာပါတယ်။ အဲဒါကတော့ ရဲတွေဆီမှာ ပြစ်မှုရှိမရှိ စစ်ဆေးခံရမှုတွေအပြင် စပိုက်ဒါမန်းကြောင့် ထိခိုက်ရပါတယ်ဆိုပြီး လူဆိုးတစ်ယောက်လို မြင်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒီဆိုးကျိုးတွေကြောင့် ထိခိုက်နစ်နာရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူချစ်ရသူတွေပါ နစ်နာလာချိန်မှာတော့ ပီတာတစ်ယောက် ဒေါက်​တာစထရိန်းဆီသွားပြီး ဒီလိုတွေမဖြစ်ခဲ့တဲ့အချိန်ဆီသွားဖို့ အကူအညီတောင်းပါတော့တယ်။ […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Eternals (2021)

Marvel Studios က အသစ်ထွက်ရှိလာတဲ့ Eternals ကားသစ်ကြီးလာပါပြီ။ စကြဝဠာကြီးရဲ့ မူလပထမမှာ အဆုံးမဲ့ဖြစ်တည်မှု၆ခုနဲ့ ဒြပ်ဝတ္ထုတို့ရဲ့ဖန်တီးခြင်းကို မစတင်ခင် ကနဦးဖန်ဆင်းရှင်အာရစ်ရှမ်က ပထမဆုံးသောနေကိုဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့ပါတယ်။ အဲဒီကနေ သက်ရှိတို့ဖြစ်ပေါ်လာပြီး အရာအားလုံးမျှခြေအနေအထားမှာ ရှိနေခဲ့ပါတယ်။ တစ်နေ့ကျတော့ ဒီဗီးယန့်ဆိုတဲ့ သားရဲကောင်တွေပေါ်ပေါက်လာပြီး အသိဥာဏ်ရှိမျိုးစိတ်တွေကို စားသုံးပါတော့တယ်။ သဘာဝတရားရဲ့ ဟန်ချက်ညီမှုကိုထိန်းသိမ်းနိုင်ဖို့ အိုလံပီယာဂြိုလ်ပေါ်က အီတာနယ်အမည်ရတဲ့ မသေမျိုးတွေကို ဒီဗီးယန့်တွေကိုနှိမ်နှင်းဖို့အတွက် အာရစ်ရှမ်က စေလွှတ်ခဲ့ပါတယ်။ အီတာနယ်တွေက အာရစ်ရှမ်အပေါ် အကြွင်းမဲ့ယုံကြည်ပြီး အမိန့်နာခံခဲ့ကြပေမဲ့ တစ်ရက်ကျတော့ သူတို့တာဝန်ထမ်းဆောင်ရင်း ယုံကြည်ချက်တွေပြောင်းလဲလာတဲ့အခါမှာတော့……….. လက်ရှိချိန်အထိ Nomination ၇ နေရာအထိ ဝင်ထားပြီဖြစ်သလို Marvelကရိုက်ကူးတာဖြစ်လို့ ပထမကြည့်ထားပြီးသား MCU ထဲကရုပ်ရှင်တွေနဲ့လည်း ဆက်စပ်ခံစားနိုင်ပါသေးတယ်။ သရုပ်ဆောင်တွေထဲမှာလည်း Angelina Jolieလိုနာမည်ကြီးတွေပါတဲ့အပြင် One Direction အဖွဲ့က Harry […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

The Stronghold (2021)

ဒီတစ်ခါတော့ ရဲစုံထောက်ကားတွေကိုမှ သဘောကျသူတွေ အကြိုက်တွေ့စေမယ့် Action, Crime, Thriller အမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အပြင်မှာတကယ်ဖြစ်ခဲ့ဖူးတာကို ကျောရိုးယူပြီးတော့ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာဆီလီနယ်မြေဆိုတာ ပြင်သစ်နိုင်ငံက ရာဇဝတ်မှုတွေထူပြောပြီး သေနတ်ကိုင်ထားတဲ့လူမိုက်တွေက မူးယစ်ဆေးတွေကိုပေါ်တင်ရောင်းနေတဲ့ ခရိုင်တစ်ခုပါ။ အဲဒီနေရာမှာဆိုရင် ရပ်ကွက်တစ်ခုလုံးဟာ မူးယစ်ဆေးရောင်းသူနဲ့ သုံးစွဲသူတွေချည်းဖြစ်လို့ ရဲဆိုရင်အဝင်မခံတဲ့အထိ သောင်းကျန်းနေကြတာပါ။ ဂရက်၊အန်တိုနီနဲ့ရက်စ်တို့ သူငယ်ချင်းသုံးယောက်က မူးယစ်ဆေးတွေဖမ်းရတဲ့ မြောက်ပိုင်းဌာနရဲတပ်ဖွဲ့ကပါ။ ရဲတပ်ဖွဲ့ဝင်တွေဟာ တစ်လကိုဘယ်နှစ်မှုဖမ်းရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ပြည့်မီအောင်ဖမ်းရပါတယ်။ ဒါကြောင့် အဲဒီလိုပြည့်မီအောင် ဆေးလိပ်မှောင်ခိုလိုမျိုး ခပ်သေးသေးအမှုတွေကိုပဲဖမ်းနေရတာ စိတ်ကုန်လာတဲ့ သူတို့သုံးယောက်ဟာ မူးယစ်ရာဇာခေါင်းဆောင်ပိုင်းအထိဖော်ထုတ်ပြီး ဒီဒေသကမူးယစ်ဂိုဏ်းကို အမြစ်ကလှန်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီလိုကြိုးစားကြရာမှာ သူတို့ဘယ်လိုနည်းလမ်းတွေသုံးဖို့လိုလာမလဲ။ ဘယ်လိုအခက်အခဲတွေကြုံရမလဲ။ ကိုယ်နဲ့တစ်လှေတည်းစီးနေတယ်လို့ ထင်နေတဲ့လူတွေက နောက်ကျောကိုဓားနဲ့ထောက်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။ Format……….: .mp4 & […]
  • 1080p
  • 4 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)