Upcoming... : [Thirteen Lives (2022)] - [Shut In (2022)]
Movies and TV Shows [Total: 57]

Spider-Man: No Way Home (2021)

Spider-Man: No Way Home (2021)
148 min|Action, Adventure, Fantasy|17 Dec 2021
8.3Rating: 8.3 / 10 from 691,243 usersMetascore: 71
With Spider-Man's identity now revealed, Peter asks Doctor Strange for help. When a spell goes wrong, dangerous foes from other worlds start to appear, forcing Peter to discover what it truly means to be Spider-Man.

ပွဲတိုင်းကျော်ကြီး MARVEL ရဲ့ အသစ်စက်စက် စပိုက်ဒါမန်းရုပ်ရှင်ကားကြီး လာပါပြီ။ Marvel Universe ထဲက ရုပ်ရှင်ကားဖြစ်လို့ ပထမရုပ်ရှင်ကားတွေနဲ့ အကုန်ဆက်စပ်နေတဲ့အပြင် Oscar ဆုအတွက်လည်း လျာထားခံရပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ယူထားပြီး ပရိတ်သတ်တွေဆီက အချစ်တွေပါသိမ်းယူထားပါသေးတယ်။

ဇာတ်လမ်းအစမှာတော့ Mysterio က စပိုက်ဒါမန်းကဘယ်သူပါဆိုပြီး ဖော်ကောင်လုပ်ချလိုက်တဲ့နေရာက ဆက်ထားပါတယ်။ ပီတာပါကာဆိုတဲ့ သူ့သရုပ်မှန်ပေါ်ပေါက်သွားတာကြောင့် 17နှစ်အရွယ် ပေါက်စလေးတစ်ယောက်က နေ့ချင်းညချင်း ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုနာမည်ကြီးမှုနဲ့အတူ ဆိုးကျိုးတွေလည်း ပူးတွဲပါလာပါတယ်။ အဲဒါကတော့ ရဲတွေဆီမှာ ပြစ်မှုရှိမရှိ စစ်ဆေးခံရမှုတွေအပြင် စပိုက်ဒါမန်းကြောင့် ထိခိုက်ရပါတယ်ဆိုပြီး လူဆိုးတစ်ယောက်လို မြင်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒီဆိုးကျိုးတွေကြောင့် ထိခိုက်နစ်နာရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူချစ်ရသူတွေပါ နစ်နာလာချိန်မှာတော့ ပီတာတစ်ယောက် ဒေါက်​တာစထရိန်းဆီသွားပြီး ဒီလိုတွေမဖြစ်ခဲ့တဲ့အချိန်ဆီသွားဖို့ အကူအညီတောင်းပါတော့တယ်။ ဒေါက်တာစထရိန်းလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် သူတတ်နိုင်တဲ့ဘက်က ကူညီပေးပေမဲ့ ဆယ်ကျော်သက်ပီတာလေးရဲ့ စိတ်မြန်လက်မြန်နဲ့အလွဲတွေကြားမှာ မန္တန်စည်းပေါက်ပြီး အပြိုင်စကြဝဠာကနေ ပီတာပါကာက စပိုက်ဒါမန်းပါဆိုတာကို သိသူတွေအကုန်ရောက်ချလာချိန်မှာတော့……………….

MCUပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာလည်း နောက်ထပ်နှစ်ကွက်လောက် အမြည်းကျွေးထားတာကြောင့် တကယ်ပြီးတဲ့အထိ သေချာကျော်ကြည့်ကြပါလို့ မှာချင်ပါတယ်။

  • Format……….: .mp4 & .mkv
  • Quality………..: Web-rip
  • Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p
  • Duration……..: 2h 28m
  • Translator…..: Cyanide
  • Encoder………: MZM

Leave a Reply

Your email address will not be published.

More to Watch
Movies   Blu-ray   

See for Me (2022)

ဆိုဖီက ငယ်ရွယ်တဲ့နှင်းလျှောစီးသမားဟောင်းတစ်ဦးဖြစ်ပြီး အခုချိန်မှာ အချိန်ပိုင်းအလုပ်တွေလုပ်နေပါတယ်။ တစ်နေ့တော့ ဝေးလံတဲ့နယ်ဘက်က ဇိမ်ခံအိမ်ကြီးတစ်လုံးကို အိမ်ရှင်မ ခရီးထွက်ခိုက်တစ်ယောက်တည်းစောင့်ပေးရဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနေ့ညနေပိုင်းကမှ သူထည့်လိုက်တဲ့ “See For Me” ဆိုတဲ့ App အသစ်ကတစ်ဆင့် မျက်မမြင်တွေကို ဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကယ်လီဆိုတဲ့ကောင်မလေးနဲ့ သိကျွမ်းခဲ့ပါတယ်။ အဲ့ဒီမတော်တဆဖြစ်ရပ်လေးဟာ သူ့အတွက်ဘုရားသခင်စောင်မလိုက်တဲ့ကံကောင်းခြင်းတစ်မျိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီညမှာပဲ လက်နက်ကိုင်လူတစ်စုဟာ ဒီအိမ်ထဲမှာဝှက်ထားတဲ့ငွေတိုက်သေတ္တာထဲကငွေတွေကိုလာလုယက်ရာကနေ သူ့ကိုတွေ့သွားခဲ့တာကြောင့်ပါ။ သူစိမ်းယောက်ျားလက်နက်ကိုင်တွေနဲ့ မျက်မမြင်မိန်းကလေးတစ်ယောက်၊ သူ့ဘက်ကဗီဒီယိုကောလ်နဲ့လမ်းညွှန်ပေးမယ့် ကယ်လီအကူအညီနဲ့ ဒီလူတွေကိုတွန်းလှန်တိုက်ခိုက်ရတော့မှာပါ။ နောက်ထပ်ကံကောင်းတဲ့အချက်က ကယ်လီဟာစစ်ပြန်တစ်ယောက်ဖြစ်နေတာပါပဲ။ အိမ်ထဲကိုလူဆိုးတွေဝင်လာပြီး ဒုက္ခိတတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ကားတွေထဲမှာပထမဆုံးမဟုတ်ပေမယ့် သူ့နည်းသူ့ဟန်နဲ့ကွဲထွက်နေပြီး သပ်ရပ်လှပတဲ့ဇာတ်လမ်းဖွဲ့စည်းပုံအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖိုရှုစားရမယ့် Canadian thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA […]
  • 4k
  • 2 weeks ago
Movies   Web-DL   

Thirteen Lives (2022)

ဟိုးတလောက ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ကလေးဆယ့်သုံးယောက် ဂူထဲပိတ်မိသွားခဲ့တယ် ဆိုတဲ့ သတင်းကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲ့ဇာတ်လမ်းကို 2019 မှာ the cave ဆိုတဲ့နာမည်နဲ့ ပထမအကြိမ်ရိုက်ကူးခဲ့ပြီး rating 5.8 သာရရှိခဲ့ပါတယ်။ ဒါကတော့ ဒုတိယအကြိမ် အသစ်ပြန်ရိုက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး rating 7.8 အထိ ရရှိထားပါတယ်။ ပုံရိပ်လှုပ်ရှားမှု အကောင်းဆုံးဆုကိုလည်းရရှိထားပြီး ပိုပြီးကြည့်လို့ကောင်း စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားပါသေးတယ်။ ဇာတ်လမ်းအစမှာတော့ ကလေးတွေက ဘောလုံးကစားနေကြပြီး ညနေမှာ ပရမ်ဆိုတဲ့ ကလေးမွေးနေ့ပွဲကျင်းပဖို့ရှိပါတယ်။ ဘောလုံးကန်လို့အပြီး မွေးနေ့ပွဲလည်း စောနေသေးတာကြောင့် အရင်လိုပဲ သူတို့နားက ဂူကြီးထဲ ဝင်ဆော့ခဲ့ကြပါတယ်။ အဲ့မှာပဲ ကံမကောင်းအကြောင်းမလှတော့ မိုးတွေချက်ချင်းဆိုသလိုရွာလာပြီး ဂူပေါက်က ရေတွေနဲ့ ပိတ်သွားခဲ့ပါတယ်။ အဲ့နေ့ကစပြီး ကယ်ဆယ်ရေးတွေနဲ့ မျိုးစုံကြိုးစားခဲ့ပေမယ့် ဆယ်ရက်ကြာမှ သူတို့ကို စတွေ့ခဲ့တာပါ။ […]
  • 4k
  • 2 weeks ago
Movies   Web-DL   

Shershaah (2021)

ဒီကားလေးကတော့ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့အိန္ဒိယဇာတ်ကားလေးပဲဖြစ်ပါတယ် ငယ်ငယ်လေးကတည်းက စစ်သားတစ်ယောက်ဖြစ်ချင်တဲ့ ဗစ်ကရမ်လေး ရဲစွမ်းသတ္တိအပြည့်နဲ့အသက်ပေးဖိုဝန်မလေးဘဲ အိန္ဒိယနဲ့ပါကစ္စတန်ကြားကကတ်ရှ်မီးယားပြည်နယ်လေးမှာတာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက်အသက်ပေးသွားတဲ့အကြောင်းနဲ့ သူ့ဘဝဇာတ်လမ်းအစုံကိုပုံဖော်ထားတဲ့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အားပေးကြပါဦး Format……….: .mp4 & .mkv Quality………..: Web-DL, Web-rip Resolution….: 4k 5.1CH, 1080p 5.1CH, 720p, 480p Duration……..: 2h 15m Translator…..: Summer Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ ရေးခဲ့ပေးပါ။
  • 4k
  • 2 weeks ago

1080p(19) 4k(38) Action(33) Adventure(19) Animation(6) Comedy(12) Crime(14) Drama(17) Family(7) Fantasy(7) Horror(10) Mystery(6) Romance(1) Science Fiction(13) Thriller(22) War(2)