Movies   Web-DL   

Black Crab (2022)

အနာဂတ်ကမ္ဘာကြီးဟာစစ်ပွဲကြောင့် ယိုယွင်းပျက်စီးနေခဲ့ပြီဖြစ်ပါတယ်။ ပြင်းထန်ကြမ်းတမ်းတဲ့ဆောင်းတွင်းတစ်ခုမှာစစ်သားခြောက်ဦးကို တပ်စခန်းတစ်ခုဆီကိုခေါ်ယူခဲ့ပြီး မစ်ရှင်တစ်ခုပေးအပ်ခဲ့ပါတယ်။ အဲ့ဒီမစ်ရှင်မှာသူတို့သိလိုက်ရတာကတော့ သူတို့ဘက်ကစခန်းတွေ တစ်ခုပြီးတစ်ခုဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ရှုံးဖို့များနေပြီဖြစ်ကြောင်းနဲ့ အဲ့ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့သူတို့ ထမ်းဆောင်ရမယ့်မစ်ရှင်က အသက်သွေးကြောမက အရေးကြီးနေကြောင်းပါပဲ။ သူတို့မစ်ရှင်ကတော့ ရေခဲနေပြီဖြစ်တဲ့ ကျွန်းစုတွေအထက်ကပင်လယ်ပြင်ကိုရေခဲစီးစကိတ်တွေနဲ့ဖြတ်ပြီး ရန်သူ့နယ်မြေတွင်းက ဌာနတစ်ခုကို လျှို့ဝှက်ပက်ကေ့ချ်တစ်ခုသွားရောက်ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ်သိထားခဲ့တာကတော့ ဒီမစ်ရှင်ဟာအန္တရာယ်များလွန်းပြီး အသက်ရှင်ကျန်ရစ်ပြီး ပန်းတိုင်အထိရောက်မယ့်သူ နည်းပါးမယ်ဆိုတာပါပဲ။ သူတို့ကိုစောင့်ကြိုနေမယ့် ရေခဲပြင်အောက်ကမမြင်နိုင်တဲ့ အန္တရာယ်၊ဗလာဟင်းလင်းရေခဲပြင်အထက်ကနေအသာစီးချောင်းမြောင်းကြည့်နေမယ့် ရန်သူစနိုက်ပါတွေ စတဲ့ ရန်အထပ်ထပ်ကိုဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲ? စစ်ပွဲနောက်ခံ Sci-Fi, Thriller ကားကောင်းတစ်ကားဖြစ်တဲ့အတွက် လက်လွတ်မခံသင့်ပါဘူး။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 49m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် […]
  • 1080p
  • 3 weeks ago
Movies   Blu-ray   

Special Delivery (2022)

အွန်ဟာ (So-dam Park (Parasite)) ကကားဟောင်းပြုပြင်တဲ့ဝပ်ရှော့တစ်ခုကသာမန်ဝန်ထမ်းတစ်ယောက်လို့ထင်ရပေမယ့် အရေးတကြီးထွက်ပြေးဖို့လိုအပ်နေတဲ့လူတွေ၊ အန္တရာယ်ကြီးတဲ့အဖိုးတန်ပစ္စည်းတွေကိုဘေးကင်းစွာပို့ဆောင်ပေးတဲ့အထူးပို့ဆောင်ရေးကားမောင်းသမားတစ်ယောက်အဖြစ် လျှို့ဝှက်လုပ်ကိုင်ပါတယ်။ တစ်နေ့မှာတော့ နိုင်ငံတွင်းကနေ အသည်းအသန်ထွက်ပြေးဖို့လိုအပ်နေတဲ့သားအဖနှစ်ယောက်ကိုပို့ဆောင်ဖို့သွားအကြိုမှာ လွဲချော်မှုတွေကြုံခဲ့ရပြီး အဲ့ဒီကလေးကို အွန်ဟာကိုယ်တိုင်အဆုံးထိ တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ သူ့နောက်က လိုက်နေတဲ့လူတွေဟာ သာမန်ရဲတွေတင်မဟုတ်ပဲ၊ အန္တရာယ်ကြီးတဲ့ ဂန်းစတားတွေ လက်မရွံ့တွေပါ ပါဝင်နေတဲ့နောက်မှာတော့အွန်ဟာတစ်ယောက်တည်း ကလေးတစ်ဖက်နဲ့ ဘယ်လိုလွတ်အောင်ရုန်းရမလဲဆိုတာကိုရှုစားကြရမှာပါ။ Baby Driver တို့ Transporter တို့လိုပုံစံဇာတ်လမ်းမျိုးဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လဲပေါ့ပါးသွက်လက်သလိုအက်ရှင်ခန်းတွေလဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ လှပကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p Duration……..: 1h 49m Translator…..: Dreamy Encoder………: MZM […]
  • 1080p
  • 4 weeks ago
Movies   Web-DL   

Yaksha: Ruthless Operations (2022)

Kang-In ဟာတရုတ်နိုင်ငံရှန်ယန်းမှာ လျှို့ဝှက် NIS စစ်ဆင်ရေးအဖွဲ့တစ်ခုကိုဦးဆောင်နေပါတယ်၊ သူဟာ အလုပ်ကိုသာပဓာနထားတတ်ပြီး မဖြစ်ဖြစ်အောင်လုပ်ဆောင်တတ်တဲ့ သွေးအေးရက်စက်တဲ့သူတစ်ယောက်လို့လူသိများပြီး သူ့ကို Yacha ဆိုတဲ့နာမည်နဲ့အများသိကြပါတယ်။ သူ့လုပ်ဆောင်ချက်တွေထဲက ဥပဒေနဲ့မညီတာတွေ အထက်အမိန့်ကိုဂရုမစိုက်ဖီဆန်တာတွေကြောင့် အထက်ကနေ စုံစမ်းစစ်ဆေးဖို့အရာရှိအဖြစ် Ji-Hoon ကိုစေလွှတ်ခဲ့ပါတယ်။ Ji-Hoon ကတော့ စာအုပ်ကြီးသမား ဥပဒေကို တသဝေမတိမ်းလိုက်နာသူတစ်ယောက်ဖြစ်တဲ့အတွက်ဆန့်ကျင်ဘက်စရိုက်ရှင်နှစ်ယောက်ဟာထိပ်တိုက်ရင်ဆိုင်ကြ အားပြိုင်ကြရပါတော့တယ်။ ဒါပေမယ့် တကယ်တမ်းမြေပြင်ကအဖြစ်အပျက်တွေဟာ Ji-Hoon သိခဲ့တာတွေနဲ့မတူပဲ ရှုပ်ထွေးပွေလီလွန်းနေပြီးအချင်းချင်း ရွှေ့တဲ့အကွက်တွေ၊လစ်ရင်လစ်သလို နောက်ကျောကိုဓားနဲ့ထိုးတာတွေ မာယာပရိယယ်များလှတဲ့ သူလျှိုလောကကြီးထဲမှာ သူ ဘယ်လိုရှေ့ဆက်မလဲ? Yacha ဟာတကယ်တမ်း ကိုယ်ကျိုးရှာ သစ္စာဖောက်တစ်ယောက်လား? တကယ့် တရားခံအစစ် ကောက်ကျစ်ယုတ်မာသူဟာ ဘယ်သူဖြစ်မလဲ? Yaksha Ruthless Operations ဇာတ်လမ်းဇာတ်ကွက် တင်ဆက်ပုံ သရုပ်ဆောင် အက်ရှင်အစရှိတာတွေ အပြစ်ပြောစရာမရှိအောင် ထောင့်စေ့သေသပ်တဲ့ Spy Action, […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

X (2022)

နာမည်ကျော် ဒိတ်ဒိတ်ကျဲအနုပညာမြောက်ကားတွေ၊ ဝေဖန်ရေးဆရာတွေကော ပရိသတ်တွေပါကြိုက်နှစ်သက်တတ်တဲ့ ဇာတ်ကားတွေကိုမှရွေးချယ်တင်ဆက်တတ်တဲ့ A24 ရဲ့ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၇၉ ဝန်းကျင် လူကြီးကြိုက်ရုပ်ရှင်ကားရိုက်မယ့် အဖွဲ့တစ်ဖွဲ့ဟာ တက္ကဆက်တောနယ်ပိုင်းက သက်ကြီးရွယ်အိုလင်မယားပိုင်ဆိုင်တဲ့ လယ်တောအိမ်တစ်လုံးကို ရိုက်ကွင်းအဖြစ်ရွေးချယ်ငှားရမ်းခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်ရှင်လင်မယားဟာသူတို့ထင်ထားသလို သာမန်အေးချမ်းစွာနေထိုင်တတ်တဲ့ အဘိုးကြီးအဘွားကြီးမဟုတ်မှန်း အသိနောက်ကျသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့သားတွေဟာကြောက်မက်ဖွယ်ကြမ္မာဆိုးနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတော့တာပါပဲ။ Slasher Flick တစ်ကားဖြစ်ပေမယ့်နောက်ခံဇာတ်ကြောင်းတွေ၊ တေးဂီတတွေ သရုပ်ဆောင်တွေရဲ့ဇာတ်ကောင်တစ်ယောက်ချင်းစီကိုပါပီပီပြင်ပြင်အချိန်ယူတည်ဆောက်ထားတဲ့ သေသပ်လှပတဲ့ ကားကောင်းတစ်ကားဖြစ်သလို ထိတ်လန့်သည်းဖိုဆရာကြီး Stephen King ကလဲချီးကျူးထားပါသတဲ့။ Rating တွေအနေနဲ့လဲ IMDb: 6.6 Rotten Tomatoes: 96% တို့ရရှိထားတဲ့အတွက်၊ Horror ပရိသတ်တွေကြည့်ကိုကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Infinite Storm (2022)

Pam Bales ဟာတစ်ခုသောမနက်မှာဝါရှင်တန်တောင်ပေါ်ကို ပုံမှန်အတိုင်းတက်သွားခဲ့မိတဲ့ ဒေသတွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့ရဲ့စေတနာဝန်ထမ်းတစ်ယောက်ပါ။ သတင်းတွေက ခန့်မှန်းထားသလို ရာသီဥတုဖောက်ပြန်စပြုလာချိန် နှင်းတောထဲမှာ စနီကာတစ်ရံကိုသာစီးထားတဲ့လူတစ်ယောက်ရဲ့ခြေရာကိုရှာတွေ့ခဲ့ပါတယ်။ ခြေရာရှင်ကို နှင်းမုန်တိုင်းထဲကြိုးစားရှာဖွေရင်းနဲ့သူတွေ့ခဲ့ရတာ မူးယစ်ဆေးဝါးသုံးစွဲထားသလိုကြောင်စီစီဖြစ်နေတဲ့စိတ်နဲ့လူနဲ့လဲကပ်ဟန်မတူတဲ့၊ နှင်းကိုက်နာဆိုးဝါးစွာခံနေရတဲ့လူငယ်တစ်ယောက်ပါပဲ။ နှင်းမုန်တိုင်းအပြင်းထန်ဆုံးနေရာ၊ အအေးဒဏ်အဆိုးဝါးဆုံးနေရာကနေ သူ့ထက်နှစ်ဆလောက်အလေးချိန်စီးပြီး အသက်ရှင်လိုစိတ်ပါရှိပုံမရတဲ့ လိုလိုလားလား သူ့စကားနားထောင်မှာမဟုတ်တဲ့ လူတစ်ယောက်ကို ကယ်တင်ဖို့သူမဖြစ်ဖြစ်အောင်ကြိုးစားရပါတော့တယ်။ မင်းသမီးကြီး Naomi Watts ဦးဆောင်ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကိုအခြေတည်ထားတဲ့ Survival Drama adventure ကားကောင်းတစ်ကားဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, 1080p 5.1CH, 720p, 480p Duration……..: 1h 44m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram […]
  • 1080p
  • 4 weeks ago
TV Shows   Web-DL   

Criminal Justice (2019)

အိန္ဒိယရဲ့ streaming service တစ်ခုဖြစ်တဲ့ Disney+ Hotstar ရဲ့ Hotstar Special Series ဖြစ်တဲ့ ဒီ Series ဟာ BBC ရဲ့ Criminal Justice ကို remake ထားတာဖြစ်ပြီး Bollywood ရဲ့ နာမည်ကျော် Pankaj Tripathi နဲ့ Jackie Shroff တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Mirzapur နဲ့ Sacred Games ကြည့်တဲ့သူတွေကတော့ Tripathi နဲ့ စိမ်းမယ်မထင်ပါဘူး။ အပိုဝင်ငွေရအောင် ညဘက် Taxi ဆွဲနေတဲ့ အာဒိတရရှရ်မားဆိုတဲ့ MBA ကျောင်းသားတစ်ယောက် ညဘက် ကားဆွဲရင်း ဆာနာရာဆိုတဲ့ မိန်းကလေးကို ခရီးပို့ပေးရာကနေ မတော်တဆ လူသတ်မှုနဲ့ကြုံလိုက်ရပါတယ်။ Criminal Justice […]
  • 1080p
  • 4 weeks ago
Web-DL   Animation   

The Sea Beast

ပထမဆုံးပြောချင်တာကတော့ big hero 6,frozen,moana တို့ကိုရိုက်ခဲ့တဲ့ director ကပဲရိုက်ထားတာဆိုတော့ animation ပိုင်းရော ဇာတ်လမ်းပိုင်းရော အလွန်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မျိုးရိုးအစဥ်အဆက် အမဲလိုက်ခဲ့တဲ့ ကပ္ပတိန်ကရိုးဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူ့လက်ထက်မှာ အဲ့ကောင်ကို ရဖို့အမဲလိုက်နေတာပါ။ အဲ့ကောင်ဆိုတာကတော့ ပင်လယ်မှာ အန္တရာယ်အရှိဆုံး ရတ်ဘလတ်စတာပါပဲ။ တစ်ရက်တော့ အဲ့ကောင်နဲ့ ချနေကြရင်း သူ့သားအရင်းလို ချစ်ရတဲ့ ဂျက်ကော့ဟော်လန်နဲ့မေစီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်က ရတ်ဘလတ်စတာ ရဲ့မျိုခြင်းကိုခံလိုက်ရပါတယ်။ မျိုချခံပြီး သေသွားမလား ဘာတွေဆက်ဖြစ်မလဲ ဇာတ်လမ်းက ဘာတွေမြုပ်ထားလဲ ဆိုတာကိုသိချင်ရင်တော့ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 55m Translator…..: Khin Lay […]
  • 1080p
  • 4 weeks ago