Web-DL Animation
Paws of Fury: The Legend of Hank (2022)
ဒီဇာတ်ကားလေးကတော့ Animation, Action, Comedy အမျိုးအစားဖြစ်ပြီး တော်တော်လေးကိုရယ်ရတဲ့ဇာတ်ကားလေးတစ်ကားပါ ဇာတ်လမ်းအကျဉ်းကတော့ ကြောင်အမတ်ကြီးအစ်ကာချူဟာ အရှင်သခင်ရှိုးဂန်းကို ဖားချင်တဲ့အတွက် နန်းတော်ကြီးတစ်ခုတည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့အရှေ့မှာ ကြောင်တွေနေတဲ့ကာကာမူချို့ဆိုတဲ့ မြို့လေးတစ်မြို့ရှိပါတယ်။ အစ်ကာချူးက အဲဒီမြို့လေးဟာသူ့ရဲ့ရှုခင်းအလှကိုဖျက်ဆီးနေတယ်လို့မြင်တဲ့အတွက် ကြောင်နင်ဂျာတွေကိုလွှတ်ပြီး ဖျက်ဆီးခိုင်းပါတယ်။ အဲဒီတော့ ကာကာမူချိုမြို့ကကြောင်တွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်ဆီမှာ ဆာမူရိုင်းတစ်ယောက်တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်းက အဲဒီတာဝန်ကို အစ်ကာချူကိုပဲပြန်ပေးလိုက်တော့ အစ်ကာချူတစ်ယောက်ဒုက္ခရောက်ရပါတော့တယ်။ ဒါပေမဲ့ ယုတ်မာတဲ့အစ်ကာချူက ဆာမူရိုင်းဖြစ်ချင်လို့ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို သေဒဏ်ပေးခါနီးမှာ လွှတ်ပေးခဲ့ပြီးဆာမူရိုင်းအဖြစ်ခန့်အပ်ကာ ကာကာမူချိုမြို့လေးကိုကာကွယ်ပေးဖို့စေလွှတ်လိုက်ပါတော့တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အဲဒီမြို့ကကြောင်တွေက ခွေးကိုမုန်းလို့သတ်ပစ်လိုက်ရင် ဉပဒေကိုချိုးဖောက်တယ်ဆိုပြီး အားလုံးကိုဖမ်းဆီးအရေးယူဖို့ပါပဲ။ ဒါပေမဲ့ ကြောင်တွေနဲ့ခွေးဆာမူရိုင်းတို့ အတွဲညီညီနဲ့ သူ့နင်ဂျာတွေကိုပြန်တိုက်ခိုက်ကြပါတော့တယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, […]