Web-DL   Animation   

Minions: The Rise of Gru (2022)

ဒီဇာတ်ကားလေးကတော့ Animation, Advendure, Comedy အမျိုးအစားဖြစ်ပါတယ်။ မီနီယမ်ဆိုတာ ကလေးရော လူကြီးတွေပါကြိုက်ကြတဲ့ ဇာတ်ကောင်လေးတွေဖြစ်ပြီး ရယ်ရမှာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မီနီယမ်တွေဟာ ကမ္ဘာဦးအစကတည်းကအကြမ်းတမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို တလွဲတွေလုပ်ပြီး ဒုက္ခပေးခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပြီး ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကို ဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။ လူမိုက်ကြီး၆ယောက်အဖွဲ့က ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးဗီလိန်တွေဖြစ်အောင် ရှေးဟောင်း ဇိုးဒီယမ်းကျောက်တုံးကို သွားယူခဲ့ပါတယ်။ အဲဒီ ဇိုးဒီးယမ်းကျောက်တုံးကို သူတို့လက်ထဲကနေ ဂရူက ခိုးယူလိုက်တဲ့အခါ လူမိုက်ကြီး၆ယောက်အဖွဲ့က ဂရူကို ဘယ်လိုလက်တုံ့ပြန်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4k 5.1CH, 080p 5.1CH, 720p, […]
  • 4k
  • 1 week ago
Movies   Blu-ray   

Ghostbusters: Afterlife (2021)

Ghostbusters: Afterlife (2021) ဟာတစ်ချိန်ကနာမည်ကျော်ကလေးလူကြီးတွေရဲ့အသည်းကျော်ဖြစ်ခဲ့တဲ့ Ghostbusters နှစ်ကားရဲ့တိုက်ရိုက်နောက်ဆက်တွဲဖြစ်ပါတယ်။ ကြားထဲမှာထွက်ခဲ့သေးတဲ့ နာမည်ကျော်မင်းသမီးတွေနဲ့ Ghostbusters (2016) ကတော့ ဒီ universe မှာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဒုတိယဇာတ်ကားအပြီး ၃၂ နှစ်အကြာမှာ တကိုယ်တည်းမိခင်တစ်ယောက်နဲ့ကလေးနှစ်ယောက်ဟာမြို့ပေါ်မှာဘဝမရပ်တည်နိုင်တော့တဲ့နောက် သူ့ဖခင် ကလေးတွေရဲ့အဘိုးချန်ထားခဲ့တဲ့ တစ်ခုတည်းသောအမွေဆက်ခံရရှိတဲ့ ကြောက်စရာလယ်တောအိမ်ကြီးတစ်ခုကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ရွယ်တူကလေးတွေနဲ့ဝင်မဆန့်ပဲ သိပ္ပံပညာကိုတရားလွန်စိတ်ဝင်စားတဲ့ သမီးငယ်လေး Phoebe ကနေ သူ့အဘိုးဖြစ်သူဟာ တစ်ချိန်က ဂန္ဓဝင် Ghostbusters အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးအခုချိန်မှာ သူ့အဘိုးအသက်ပေးစောင့်ရှောက်သွားခဲ့တဲ့ မဟာရန်သူတော်တွေပြန်ပေါ်ထွက်လာမယ့်အချိန်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့..။ နောက်ဆက်တွဲကားတွေထဲမှာ တော်တော်မိုက်တယ်လို့ပြောရမယ့်ဇတ်ကားဖြစ်ပြီး မူလပရိသတ်တွေရော အခုမှစကြည့်မယ့်ပရိသတ်အသစ်တွေပါ လုံး၀ စိတ်ပျက်စေရမှာမဟုတ်ပါဘူး။ တောက်လျှောက်ပျော်စရာဟာသတွေ အဓိကသရုပ်ဆောင်ကလေးတွေရဲ့ချစ်စရာသဘာဝကျကျအမြူးအသောတွေနဲ့ဖောက်နေပြီး၊ မူရင်းဆရာသမားကြီးတွေရဲ့ cameo နဲ့ နောက်ဆက်တွဲအခန်းတွေက မျက်ရည်ဝိုင်းချင်စရာပါ။ ကလေးတွေကိုဦးစားပေးထားတဲ့အတွက် Stranger Things လို Vibe […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

The Suicide Squad (2021)

ကဲကဲ ဒီတစ်ခါတော့ DC ဖန်လေးတွေအတွက် ကားသစ်လေးလာပါပြီ နာမည်ကြီး အသေခံတပ်ဖွဲ့ကြီးလာပါပြီSuicide Squad (2021) ပါDC မှာတော့ သူတို့အဖွဲ့က ဗရုတ်သုတ်ခ အကျဆုံးပါပဲသူတို့တစ်ဖွဲ့လုံးရဲ့ တစ်လွဲလုပ်တာတွေ နဲ့ Harley ရဲ့ ချစ်စရာ အရူးကွက်လေးတွေခံစားရမှာဖြစ်ပါတယ် IMDB rating- 7.9Rotten tomatoes rating – 95 % ‌တောင်ရထားတာပါ ဒီ Rating တွေနဲ့ဆိုရင်တော့ ဘယ်လောက်ကောင်းလဲ သိပ်ပြောနေဖို့တောင်မလိုတော့ဘူးနော်နာမည်ကြီး Suicide squad ရဲ့ တာဝန်တွေက ဘာတွေဖြစ်မလဲ ဘယ်လိုမဖြစ်နိုင်တဲ့အရာတွေကို အောင်မြင်အောင်လုပ်ကြမလဲဆိုတာတော့ ဇာတ်ကားလေး Down ပြီး အပြည့်အဝခံစားလိုက်ကြပါစို့….. Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K TrueHD 7.1, […]
  • 4k
  • 2 weeks ago
Movies   Web-DL   

Finch (2021)

Tom Hanks ကြီးရဲ့နောက်ဆုံးထွက်ကားသစ်ဖြစ်ပါတယ်။ ပျက်စီးနေခဲ့ပြီး ဖြစ်တဲ့ အနာဂတ်ကမ္ဘာကြီးမှာ ဖင့်ချ်ဆိုတဲ့လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်နဲ့ ဒီဝီဆိုတဲ့ ဘီးတပ် တောက်တိုမယ်ရစက်ရုပ်လေးတစ်ကောင်ကိုအဖော်ပြုနေထိုင်ရင်းနဲ့က တစ်စုံတစ်ခုကိုကြိုးစားပမ်းစားဖန်တီးနေခဲ့ပါတယ်။ သူဖန်တီးနေတာက လူသားတစ်ယောက်အသိဉာဏ်စွမ်းဆောင်ရည်တွေနဲ့ စက်ရုပ်နောက်တစ်ရုပ်ဖြစ်ပြီး သူ့မှာစွဲကပ်နေတဲ့ရောဂါကြောင့် လောကကြီးကိုမျက်ကွယ်ပြုမသွားခင် သူ့ခွေးလေးအတွက်အစောင့်အရှောက်ရအောင် ရည်ရွယ်ချက်နဲ့ဖန်တီးနေခဲ့တာပဲဖြစ်ပါတယ်။ ဒီစက်ရုပ်ကို သင်ပေးရမယ့်အချိန်ကာလ တစ်စထက်တစ်စ ပိုချို့ယွင်းလာတဲ့ သူ့ကျန်းမာရေး၊ မကြာခင်သူတို့နေရာကိုကျလာတော့မယ့် ဧရာမမုန်တိုင်း စတဲ့အနှောင့်အယှက်တွေဝိုင်းပတ်နေတဲ့ကြားက သူ့ရည်မှန်းချက်အောင်မြင်နိုင်ပါ့မလား? Tom Hanks ကားဆိုတဲ့အတိုင်း မကောင်းပဲမနေဘူးဆိုတာ သိကြမှာပါ။ဒီကားလဲ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4K 5.1CH, 1080p 5.1CH, 720p, 480p Duration……..: 1h 55m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

The King’s Man (2021)

အားလုံးသိထားတဲ့အတိုင်းရှေ့နစ်ကားရဲ့နောက်ဆက်တွဲမဟုတ်ပဲ Kingsman အဖွဲ့ကြီးစတင်တည်ထောင်ဖြစ်ခဲ့ပုံနောက်ကွယ်ကဇာတ်ကြောင်းပဲဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အဖြစ်အပျက်တွေ ကမ္ဘာစစ်ကြီးတွေကို Kingsmen တွေနဲ့ချိတ်ဆက်ပြသွားတာ အတော်ပညာသားပါပြီး၊ အတော်စားပါတယ်။ အရင်ကားတွေလောက်အက်ရှင်ခန်းမများပေမယ့်ပါသမျှအခန်းတိုင်းက ရေလည်မိုက်ရေလည်ဂေါ်ပါတယ်။ အရွှန်းအသောတွေနဲ့ အက်ရှင်ကားဆိုပေမယ့် R rated ဖြစ်တဲ့အတွက်သတ်ခန်းဖြတ်ခန်းဆဲဆိုခန်းတွေကြမ်းပါတယ်။သုံးထားတဲ့ သရုပ်ဆောင်တွေနဲ့ နောက်ခံတေးဂီတတွေကလဲ ရှယ်ပါပဲ။ ခံစားကြည့်ကြပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K TrueHD 7.1, 1080p TrueHD 7.1, 1080p 5.1CH, 720p, 480p Duration……..: 2h 11m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Spider-Man: No Way Home (2021)

ပွဲတိုင်းကျော်ကြီး MARVEL ရဲ့ အသစ်စက်စက် စပိုက်ဒါမန်းရုပ်ရှင်ကားကြီး လာပါပြီ။ Marvel Universe ထဲက ရုပ်ရှင်ကားဖြစ်လို့ ပထမရုပ်ရှင်ကားတွေနဲ့ အကုန်ဆက်စပ်နေတဲ့အပြင် Oscar ဆုအတွက်လည်း လျာထားခံရပါတယ်။ ဒါ့အပြင် အခြားဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ယူထားပြီး ပရိတ်သတ်တွေဆီက အချစ်တွေပါသိမ်းယူထားပါသေးတယ်။ ဇာတ်လမ်းအစမှာတော့ Mysterio က စပိုက်ဒါမန်းကဘယ်သူပါဆိုပြီး ဖော်ကောင်လုပ်ချလိုက်တဲ့နေရာက ဆက်ထားပါတယ်။ ပီတာပါကာဆိုတဲ့ သူ့သရုပ်မှန်ပေါ်ပေါက်သွားတာကြောင့် 17နှစ်အရွယ် ပေါက်စလေးတစ်ယောက်က နေ့ချင်းညချင်း ကမ္ဘာပေါ်မှာနာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုနာမည်ကြီးမှုနဲ့အတူ ဆိုးကျိုးတွေလည်း ပူးတွဲပါလာပါတယ်။ အဲဒါကတော့ ရဲတွေဆီမှာ ပြစ်မှုရှိမရှိ စစ်ဆေးခံရမှုတွေအပြင် စပိုက်ဒါမန်းကြောင့် ထိခိုက်ရပါတယ်ဆိုပြီး လူဆိုးတစ်ယောက်လို မြင်နေကြသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒီဆိုးကျိုးတွေကြောင့် ထိခိုက်နစ်နာရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူချစ်ရသူတွေပါ နစ်နာလာချိန်မှာတော့ ပီတာတစ်ယောက် ဒေါက်​တာစထရိန်းဆီသွားပြီး ဒီလိုတွေမဖြစ်ခဲ့တဲ့အချိန်ဆီသွားဖို့ အကူအညီတောင်းပါတော့တယ်။ […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Ip Man: The Awakening (2022)

Ip Man ရဲ့နာမည်နဲ့ဘဝဇာတ်ကြောင်းအပေါ်အခြေတည်တဲ့ဇာတ်ကားသစ်တစ်ကားပဲဖြစ်ပြီး ဒီကားမှာတော့ ဆရာပေါက်စလေး Ip ဟာ ၃၀ ခုနှစ်ဝန်းကျင်မှာ ဖိုရှန်းကနေ ဟောင်ကောင်ကို သွားလည်ခဲ့ပါတယ်။ မိမိ စွမ်းရည်အပေါ်ဖြောင့်မတ်မှန်ကန်မှုအပေါ်ဂုဏ်မောက်သေချာနေခဲ့တဲ့ သူဟာ ဟောင်ကောင်အရောက်မှာပဲ ဘတ်စ်ကားပေါ်မှာအမျိုးသမီးနှစ်ဦးကိုဝိုင်းဝန်းလုယက်နေတဲ့ လူတစ်စုရန်ကနေဝင်ရောက်ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းကလေးရဲ့အစ်ကို လန်ချားခေါင်း ဟူဘူဖန်းနဲ့ရင်းနှီးကျွမ်းဝင်ရာကတစ်ဆင့် ဒေသခံဗြိတိန်ရဲတွေ၊ ခြစားမှုတွေနဲ့အတူ နယ်ခံဗြိတိန်သားတွေဦးစီးနေတဲ့ လူကုန်ကူးဂိုဏ်းနဲ့ မဟုတ်မခံ ဆရာငယ်လေး Ip Man တို့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဒီကားမှာတော့ ငယ်ရွယ်ပြီး ပညာမစုံ မရင့်ကျက်သေးတယ် Ip Man ကိုတွေ့မြင်ရမှာဖြစ်ပေမယ့် ကွန်ဖူးတိုက်ခိုက်ခန်းတွေရိုးရှင်းလှပပါတယ်။ Donnie yen ပါဝင်တဲ့ ပင်မဇာတ်ကားကြီးတွေကိုမမှီပေမယ့် ကြည့်ကောင်းသပ်ရပ်တဲ့ကွန်ဖူးကားတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 1080p DTS-HD MA 5.1, […]
  • 1080p
  • 2 weeks ago
Movies   Blu-ray   

Kingsman: The Golden Circle (2017)

ပထမ Kingsman ကားရဲ့အဆက် ဒီရုပ်ရှင်ကားမှာတော့ ဗယ်လင်တိုင်းရဲ့ဌာနချုပ်မှာ သေသွားပြီထင်ထားတဲ့ ချာလီတစ်ယောက်မသေဘဲ စက်ရုပ်လက်ကြီးနဲ့ ဗီလိန်အဖြစ်ပြန်ပေါ်လာပါတယ်။ အက်ဂ်ဆီနဲ့ ချာလီရဲ့ပြန်တွေ့ဆုံမှုမှာတော့ ချာလီတစ်ယောက် ကင်းစ်မန်းအချက်အလက်တွေကို အက်ဂ်ဆီရဲ့ကားကနေ ရယူသွားနိုင်ခဲ့ပြီး ကင်းစ်မန်းဌာနချုပ်အားလုံးကို ဒုံးကျည်နဲ့ပစ်ပြီး ဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာဘဲ အက်ဂ်ဆီတစ်ယောက် သူ့ကောင်မလေးတီလ်ဒီရဲ့အိမ်မှာ ညစာစားပွဲတက်နေခဲ့တာကြောင့် သေကံမရောက်ခဲ့ဘဲ သူ့လိုမျိုးအသက်ရှင်ကျန်တဲ့မာလင်နဲ့ပေါင်းကာ ဒီလိုလုပ်သွားတဲ့ရန်သူနောက် ပြန်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတို့တွေစုံစမ်းရင်းသိလာရတာက ချာလီတစ်ယောက် လက်စားချေချင်လို့ဒီလိုလုပ်တာမဟုတ်ဘဲ ရွှေစက်ကွင်းဆိုတဲ့အဖွဲ့နဲ့ ဒါတွေကပက်သက်နေတဲ့အပြင် သူတို့ရည်ရွယ်ချက်က ကမ္ဘာကြီးကိုအန္တရာယ်ပြုဖို့အထိ ကြံစည်နေကြတာကိုသိလိုက်ရချိန်မှာတော့ ထုံးစံအတိုင်း ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားကြတာကို ကြည့်ရမှာပါ။ ကင်းစ်မန်းအေးဂျင့်တွေအနေနဲ့ သူတို့ကိုကူညီပေးမယ့် စတိတ်မန်းဆိုတဲ့ အခြားအေးဂျင့်အဖွဲ့တစ်ခုနဲ့ပူး​ပေါင်းပြီး အပြတ်ကြမ်းပြတာကို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေနဲ့ မပျင်းစတမ်းကြည့်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Kingsman: The Secret Service (2014)

ဂျိမ်းစ်ဘွန်းလိုကြမ်းပြီး အထာကျတဲ့အက်ရှင်ခန်းတွေနဲ့ Samuel L. Jackson ကို ဗီလိန်နေရာမှာမြင်တွေ့နိုင်မယ့် ကားကောင်းလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ IMDb rating7.7/10 အထိ ရရှိထားသလို 2016ရဲ့ Taurus World Stunt Awardအပါအဝင် ဆုစုစုပေါင်းဆယ်ဆုအထိလည်း ရရှိထားပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နိုင်ငံတကာခေါင်းဆောင်တွေရဲ့အထက်မှာရှိတဲ့ ကင်းစ်မန်းဆိုတဲ့ ကိုယ်ပိုင်သူလျှိုအဖွဲ့ဟာ သူတို့ရဲ့စစ်ဆင်ရေးတွေကို ဘယ်သူမှမသိအောင် အတော်ဆုံးအေးဂျင့်တွေနဲ့ သိုသိုသိပ်သိပ်လှုပ်ရှားပါတယ်။ တစ်ရက်မှာတော့ ကင်းစ်မန်းတစ်ယောက်ရဲ့အမှားကြောင့် အက်ဂ်ဆီရဲ့အဖေဖြစ်သူသေသွားခဲ့ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြောင်းလာ​ပြောပြီး အကူအညီလိုရင်တောင်းဖို့ ကင်းစ်မန်းတံဆိပ်လေးကို ပေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားချိန်မှာ အက်ဂ်ဆီလည်းအရွယ်ရောက်လာပြီး ပေပေတေတေနေတဲ့ လူဆိုးလေးအဖြစ်နေထိုင်ရင်း တစ်ရက်တော့ရဲဖမ်းခံရပါတယ်။ ရဲလက်ကလွတ်အောင် ကြံရာမရတဲ့အဆုံး သူ့ဆီမှာရှိတဲ့ကင်းစ်မန်းဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ချိန်မှာတော့ အက်ဂ်ဆီရဲ့ဘဝ တစ်ထစ်ချိုးပြောင်းလဲသွားပါတော့တယ်။ ဒီလိုနဲ့ဘဲ ကင်းစ်မန်းနဲ့ရေစက်ဆုံလာတဲ့ အက်ဂ်ဆီတစ်ယောက် အခက်ခဲဆုံးလေ့ကျင့်မှုတွေကို ကျော်ဖြတ်ပြီး ကင်းစ်မန်းတစ်ယောက် ဖြစ်လာမှာလား။ […]
  • 4k
  • 2 weeks ago
Movies   Blu-ray   

Eternals (2021)

Marvel Studios က အသစ်ထွက်ရှိလာတဲ့ Eternals ကားသစ်ကြီးလာပါပြီ။ စကြဝဠာကြီးရဲ့ မူလပထမမှာ အဆုံးမဲ့ဖြစ်တည်မှု၆ခုနဲ့ ဒြပ်ဝတ္ထုတို့ရဲ့ဖန်တီးခြင်းကို မစတင်ခင် ကနဦးဖန်ဆင်းရှင်အာရစ်ရှမ်က ပထမဆုံးသောနေကိုဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့ပါတယ်။ အဲဒီကနေ သက်ရှိတို့ဖြစ်ပေါ်လာပြီး အရာအားလုံးမျှခြေအနေအထားမှာ ရှိနေခဲ့ပါတယ်။ တစ်နေ့ကျတော့ ဒီဗီးယန့်ဆိုတဲ့ သားရဲကောင်တွေပေါ်ပေါက်လာပြီး အသိဥာဏ်ရှိမျိုးစိတ်တွေကို စားသုံးပါတော့တယ်။ သဘာဝတရားရဲ့ ဟန်ချက်ညီမှုကိုထိန်းသိမ်းနိုင်ဖို့ အိုလံပီယာဂြိုလ်ပေါ်က အီတာနယ်အမည်ရတဲ့ မသေမျိုးတွေကို ဒီဗီးယန့်တွေကိုနှိမ်နှင်းဖို့အတွက် အာရစ်ရှမ်က စေလွှတ်ခဲ့ပါတယ်။ အီတာနယ်တွေက အာရစ်ရှမ်အပေါ် အကြွင်းမဲ့ယုံကြည်ပြီး အမိန့်နာခံခဲ့ကြပေမဲ့ တစ်ရက်ကျတော့ သူတို့တာဝန်ထမ်းဆောင်ရင်း ယုံကြည်ချက်တွေပြောင်းလဲလာတဲ့အခါမှာတော့……….. လက်ရှိချိန်အထိ Nomination ၇ နေရာအထိ ဝင်ထားပြီဖြစ်သလို Marvelကရိုက်ကူးတာဖြစ်လို့ ပထမကြည့်ထားပြီးသား MCU ထဲကရုပ်ရှင်တွေနဲ့လည်း ဆက်စပ်ခံစားနိုင်ပါသေးတယ်။ သရုပ်ဆောင်တွေထဲမှာလည်း Angelina Jolieလိုနာမည်ကြီးတွေပါတဲ့အပြင် One Direction အဖွဲ့က Harry […]
  • 4k
  • 3 weeks ago
Movies   Web-DL   

The Adam Project (2022)

ထွေလာနဲ့တင် စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Ryan Reynolds ရဲ့ နက်ဖလစ်ကားသစ်ဖြစ်ပါတယ်။ ပျက်ဆီးကိန်းကြုံနေတဲ့ ၂၀၅၀ ကမ္ဘာကနေပိုင်းလော့တစ်ယောက်ဖြစ်တဲ့ Adam Reed ဟာသူ့အချိန်ခရီးသွားယာဉ်ကိုခိုးယူပြီး ၂၀၁၈ က ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆီကိုထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် အလျင်စလိုဖြစ်နေမှုကြောင့်မှားယွင်းပြီး ၂၀၂၂ ကိုရောက်သွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူကိုယ်တိုင်ရဲ့ အသက် ၁၂ အရွယ်ကောင်လေးကိုတွေ့ဆုံအကူအညီတောင်းပြီး လက်ရှိယာဉ်ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားရပါတယ်။ တကယ်တမ်းတော့ အတိတ်ကိုပြန်လာပြီးတော့ပြင်ဆင်ဖို့ကြိုးစားမှုဟာ ကြီးမားတဲ့ဆိုးကျိုးတွေဖြစ်ပေါ်ပြီး အန္တရာယ်ကြီးမားပါတယ်။ ဒါတွေကိုသိသိကြီးနဲ့ အဒမ် ဘာကြောင့်စွန့်လွှတ်ခဲ့လဲ? သူပြန်လည်ပြင်ဆင်ဖို့ကြိုးစားတဲ့အတိတ်က ဘာအကြောင်းအရာလဲ ။ အဒမ်နဲ့ အဒမ် နှစ်ယောက်ရင်ဆိုင်ဖြေရှင်းရမှာ ဘယ်လိုပြဿနာတွေဖြစ်မလဲ? ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို CG တွေလဲအရမ်းလှပသေသပ်ပါတယ်။ Ryan Reynolds ထုံးစံကျဉ်းထဲကြပ်ထဲမှာဟာသတွေထိုင်ဖောက်နေတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရီနေရဦးမှာပါ။ တကယ်ကိုလက်မလွတ်သင့်တဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။ Mark Ruffalo ,Jennifer Garner, Zoe Saldana စတဲ့ဝါရင့်ဒိတ်ဒိတ်ကြဲတွေကလဲဇာတ်ကိုမြိုင်နေအောင်ပို့ပေးထားပါသေးတယ်။ […]
  • 4k
  • 3 weeks ago
Movies   Blu-ray   

Venom: Let There Be Carnage (2021)

အက်ဒီတစ်ယောက် ဗီနွန်နဲ့ အတူယှဉ်တွဲနိုင်ထိုင်ဖို့ကြိုးစားရင်း ကလီးတပ်စ်ကာဆာဒီဆိုတဲ့ စိတ္တဇလူသတ်သမားကိုအင်တာဗျူးရာကနေ သူ့ အသက်မွေးဝမ်းကျောင်းကိုလဲ အသက်ပြန်သွင်းနေသလို စိမ်းကားသွားခဲ့ပြီး ဘဝသစ်မှာရှေ့ဆက်ပျော်ရွှင်နေပြီဖြစ်တဲ့ အန်းန်ကိုလဲ မေ့လျော့ဖို့ကြိုးစားနေရပါတယ်။ သူအင်တာဗျူးခဲ့တဲ့ လူသတ်သမားကိုယ်တိုင် alien symbiote တစ်ကောင်ကိုလက်ခံရယူပြီး ဖျက်ဆီးသောင်းကျန်းဖို့ကြိုးစားလာချိန်မှာတော့ အက်ဒီနဲ့ ဗီနွန်တို့ ရန်ဖြစ်နေကြတာတွေ ခဏရပ်ပြီး လက်တွဲညီညီနှိမ်နင်းကြရပါတော့တယ်။ ပထမ ဇာတ်ကားထက် အစစအရာရာသာတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ထူးပြီးကောင်းတယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး။ အက်ဒီနဲ့ ဗီနွန် အတွဲညီချက်ကဟိုအရင် buddy cops movies တွေကြည့်နေရသလို ခွီရ ရီရပါတယ်။ အက်ရှင်ခန်း CGI တွေပိုခမ်းနားအဆင့်မြင့်သပ်ရပ်လာပါတယ်။ စာတန်းထိုးချိန်မှာ စောင့်ကြည့်ရမယ့် credit scene တစ်ခုပါဝင်ထားပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, […]
  • 4k
  • 3 weeks ago