Movies   Blu-ray   

The Matrix Resurrections (2021)

မင်းသားကြီးKeanu Reevesအဓိကပါဝင်ထားတဲ့ Matrix Resurrectionsကတော့ ပထမထွက်ပြီးသား Matrix Trilogyကိုနားလည်ထားရင် ပိုကြည့်လို့အဆင်ပြေပါမယ်။ ဒီတော့ Matrixသမိုင်းကို အကျဥ်းဆုံးပြောရရင် လူသားတွေတီထွင်ထားတဲ့ AI စနစ်တွေက လူသားတွေထက်အသိဥာဏ်အများကြီး သာလွန်နေတဲ့လောကတစ်ခုမှာ Matrixဆိုတဲ့ကမ္ဘာတစ်ခုကိုကုဒ်ရေးပြီး လူသားတွေရဲ့သိစိတ်ကို စက်တွေကအကျဥ်းချထားခဲ့ပါတယ်။ အဲဒီကမ္ဘာထဲကလူတွေက ဘယ်ဟာကအစစ်အမှန်ဆိုတာမသိတော့ဘဲ ချီးတွင်းထဲကဝက်တွေလို ပျော်ပျော်ကြီးဘဝကိုဖြ​တ်သန်းနေကြပါတော့တယ်။ ဒါပေမဲ့ သူတို့တွေအဲဒီကမ္ဘာကိုဘယ်လိုပဲပြီးပြည့်စုံအောင်ဖန်တီးပါစေ လူအနည်းအကျဥ်းကတော့ အတုအယောင်မှန်းသိလာကြပြီး ထွက်ပြေးဖို့ကြိုးစားတာတွေ၊ စစ်ဖြစ်တာတွေက ပထမတွဲတွေမှာပါပြီးသားပါ။ ဒီလိုerrorတွေအကုန်လုံးကို ထိန်းချုပ်နိုင်ဖို့အတွက် The Oneဆိုတဲ့ နီယိုကိုဖန်တီးခဲ့ပါတယ်။ နီယိုဆိုတာ ပရိုဂရမ်တစ်ခုတော့မဟုတ်ပါဘူး။ မေးထရစ်ကုဒ်တွေကို ဦးနှောက်ထဲထည့်သွင်းခံရပြီး စက်တွေဆီမှာမျိုးဗီဇပြောင်းခံထားရတဲ့သူလို့ခေါ်ရင် ပိုနီးစပ်မယ်ထင်ပါတယ်။ အဲဒီလိုပြုပြင်ခံထားရတာကြောင့် မေးထရစ်ရဲ့အချက်အလက်တွေထဲ ဖောက်ဝင်နိုင်စွမ်းရှိပြီး စိတ်ကြိုက်လည်းမွမ်းမံနိုင်ပါတယ်။ ဒါကြောင့်ပဲသူ့ကို လူသားအားလုံးကိုကယ်တင်မယ့်လူလို့ Zionတွေက ယုံကြည်ထားတာပါ။ ဒါပေမဲ့ နောက်ဆုံးဇာတ်လမ်းမှာတုန်းက နီယိုတစ်ယောက် သူ့ချစ်သူထရစ်နီတီကိုရွေးချယ်ခဲ့ပြီး စက်ရုပ်မြို့တော်ထိရောက်အောင်သွားပြီးမှ အသေခံသွားခဲ့တာပါ။ […]
  • 4k
  • 3 weeks ago
Web-DL   Animation   

Lightyear (2022)

ငယ်ငယ်က ကြည့်ဖူးခဲ့ကြတဲ့ Toy Storyထဲက woody နဲ့ အပြိုင်ဇာတ်ကောင် buzz lightyear ကိုအခြေခံပြီး ရိုက်ထားတဲ့ အာကာသ သိပ္ပံဟာသဇာတ်ကားကောင်းလေးတစ်ကားပါ။ အိုင်းစတိုင်းရဲ့ အချိန်သီအိုရီတွေကိုလည်းထည့်သွင်းရိုက်ထားပါသေးတယ်။ အစမှာတော့ buzz တို့ယာဥ်က အမည်မသိ ဂြိုဟ်တစ်ခုပေါ်ကို ဆင်းသက်မိပြီး အန္တရာယ်ရှိလို့ ပြန်ထွက်ခွာဖို့အလုပ်မှာ buzz အမှားကြောင့် အဲ့ဂြိုဟ်မှာ သောင်တင်နေခဲ့ကြပါတယ်။ buzz ကသူ့အမှားတွေကို ပြင်ဆင်ဖို့အတွက်အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အဲ့လိုအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ပိုပဲမှားသွားမလား။ အမှားကိုပဲပြင်ဆင်နိုင်မလား။ ပြီးတော့ Toy story ထဲမှာ လူဆိုးကြီး zurg ကို buzz က ဘာလို့ အဖေလို့ခေါ်လဲရော မသိချင်ကြဘူးလား….. Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, […]
  • 4k
  • 4 weeks ago
Web-DL   Animation   

Sonic the Hedgehog 2 (2022)

တစ်ခြားဂြိုလ်ကို ကန်ချခံထားရတဲ့ ရိုဘော့နစ်ဟာ ကမ္ဘာမြေကိုပြန်လာဖို့နေ့စဉ်ရက်ဆက်ကြိုးစားနေရင်းက ကယ်တင်ရှင်ပေါ်လာခဲ့ပါတယ်။ သူကတော့ နက်ကယ်ဆိုတဲ့ ဂြိုလ်သားလေးတစ်ကောင်ဖြစ်ပြီး ဆိုးနစ်ကို ရန်ငြိုးတစ်ခုကြောင့်လိုက်လံရှာဖွေနေတာပါ။ ဒီလိုပဲ ဆိုးနစ်ကို လေးစားအားကျနေတဲ့ တေးလ်ဆိုတဲ့ မြေခွေးလေးတစ်ကောင်ကပါ သူတို့အကြောင်းကို သတိပေးဖို့ရောက်ရှိလာခဲ့ပြီး ဟိုဘက်ဒီဘက်ရင်ဆိုင်အားပြိုင်ဖို့ဖြစ်လာပါတော့တယ်။ နက်ကယ်လိုချင်နေတာက စိတ်ကူးတွေကိုလက်တွေ့အဖြစ်ပြောင်းလဲနိုင်စွမ်းရှိတဲ့ မြကျောက်တစ်မျိုးဖြစ်ပြီး ဒါကို ရိုဘော့နစ်ကပါသိရှိပြီး လုယက်ဖျက်ဆီးဖို့ကြိုးစားလာတဲ့အခါမှာတော့..။ မူလကားထက်ပိုသာတဲ့ ရှားရှားပါးပါး Sequal တွေထဲကတစ်ခုပါ။ ပေါ့ပေါ့ပါးပါးနဲ့ Entertain ဖြစ်သလို Fight Scenes တွေလဲ စူပါဟီးရိုးတန်းကိုမှီပြီးတော့ ခမ်းနားလှပတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်. Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 4K, 1080p 5.1CH, 720p, 480p Duration……..: 2h 2m Translator…..: Dreamy Encoder………: MZM […]
  • 4k
  • 4 weeks ago
Web-DL   Animation   

The Sea Beast

ပထမဆုံးပြောချင်တာကတော့ big hero 6,frozen,moana တို့ကိုရိုက်ခဲ့တဲ့ director ကပဲရိုက်ထားတာဆိုတော့ animation ပိုင်းရော ဇာတ်လမ်းပိုင်းရော အလွန်ကောင်းမွန်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မျိုးရိုးအစဥ်အဆက် အမဲလိုက်ခဲ့တဲ့ ကပ္ပတိန်ကရိုးဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူ့လက်ထက်မှာ အဲ့ကောင်ကို ရဖို့အမဲလိုက်နေတာပါ။ အဲ့ကောင်ဆိုတာကတော့ ပင်လယ်မှာ အန္တရာယ်အရှိဆုံး ရတ်ဘလတ်စတာပါပဲ။ တစ်ရက်တော့ အဲ့ကောင်နဲ့ ချနေကြရင်း သူ့သားအရင်းလို ချစ်ရတဲ့ ဂျက်ကော့ဟော်လန်နဲ့မေစီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်က ရတ်ဘလတ်စတာ ရဲ့မျိုခြင်းကိုခံလိုက်ရပါတယ်။ မျိုချခံပြီး သေသွားမလား ဘာတွေဆက်ဖြစ်မလဲ ဇာတ်လမ်းက ဘာတွေမြုပ်ထားလဲ ဆိုတာကိုသိချင်ရင်တော့ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ Format……….: .mp4 & .mkv Quality………..: Web-DL Resolution….: 1080p 5.1CH, 720p, 480p Duration……..: 1h 55m Translator…..: Khin Lay […]
  • 1080p
  • 4 weeks ago
Movies   Blu-ray   

Doctor Strange in the Multiverse of Madness (2022)

Doctor Strange ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ wandavision အဖြစ်အပျက်တွေအပြီးအချိန်ကိုဇာတ်အိမ်တည်ထားပါတယ်။ Doctor Strange ဟာသူ့အိမ်မက်တွေထဲမှာတွေ့တွေ့နေတဲ့ စကြာဝဠာတွေကိုကျော်ဖြတ်ခရီးသွားနိုင်တယ်ဆိုတဲ့ ရှားပါးတဲ့အစွမ်းပိုင်ရှင် ကောင်မလေးကို ဧရာမရေဘဝဲကြီးရန်ကနေကယ်ဆယ်ခဲ့ပြီးနောက် ပြဿနာက ဒီမှာတင်မပြီးတာကိုသိခဲ့ရပါတယ်။ ကောင်မလေးရဲ့အစွမ်းကိုအသည်းအသန်လိုချင်နေတဲ့ရန်သူနဲ့တကွဲခြိမ်းခြောက်မှုအန္တရာယ်အမျိုးမျိုးအကြောင်းသိလာချိန်မှာ သူတစ်ဦးတည်း မလုံလောက်နိုင်တော့လို့ စကားလက်ဝှစ်ချ်နဲ့ ဝေါင် တို့ကိုပါ အကူအညီတောင်းခဲ့ပေမယ့်..၊ စောင့်မျှော်ရကျိုးနပ်သလို ပရိသတ်ကျေနပ်အားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K SDR, 1080p 5.1CH, 1080p FHD, 720p, 480p Duration……..: 2h 6m Translator…..: Dreamy Encoder………: MZM Update တွေကြည့်ရအောင် Telegram ကို Join ထားပါ ShweFlix လင့်သေနေတာရှိရင် အောက်ကကွန်းမန့်မှာ ရေးခဲ့ပေးပါ။
  • 4k
  • 4 weeks ago
Movies   Blu-ray   

Uncharted (2022)

ရတနာသိုက်ရှာမုဆိုး ဗစ်တာဟာ သူလိုချင်တဲ့အရည်အချင်းတွေရှိနေတဲ့ နေသန်ဆိုတဲ့ကောင်လေးကို နှစ် ငါးရာကျော်လောက်ပျောက်ဆုံးနေတဲ့ရွှေသိုက်ကြီးကိုကူညီရှာဖွေဖို့စည်းရုံးခဲ့ပါတယ်။ သူပေးတဲ့မက်လုံးကတော့ နေသန်နဲ့ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ သူ့လိုပဲ ရတနာသိုက်ရှာဖွေရာမှာ ဝါသနာထုံတဲ့အစ်ကိုဖြစ်သူကို ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမယ့် ရတနာသိုက်ကိုလိုက်လံရှာဖွေတဲ့ စွန့်စားခန်းတွေ ပဟေဠိတွေ တစ်ဖက်ကပြိုင်ဘက်တွေကြားမှာမှ ဗစ်တာဟာ ဘယ်လိုမှယုံစားလို့မရတဲ့ သူလိုချင်တာ ရဖို့ဘာမဆိုချနင်းမယ့်လူတစ်ယောက်ဆိုတာ တစ်ဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်။ နာမည်ကျော် ဂိမ်းကိုပြန်အသက်သွင်းထားတဲ့ Game Adaptation ရုပ်ရှင်ကားဖြစ်ပြီး ဂိမ်းပရိသတ်တွေပါ သဘောကျကြတဲ့၊အက်ရှင် storytelling သရုပ်ဆောင်တွေပါ ပြည့်စုံကောင်းမွန်တဲ့ Action, Adventure ကားကောင်းတစ်ကားပါ။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 720p, 480p Duration……..: 1h 56m Translator…..: Dreamy Encoder………: MZM […]
  • 4k
  • 4 weeks ago
Movies   Web-DL   

Jurassic World Dominion (2022)

Jurassic World franchise ရဲ့ တတိယဇာတ်ကားဖြစ်ပြီး Jurassic Park franchise တစ်ခုလုံးအတွက်ကတော့ခြောက်ကားမြောက်ဖြစ်တဲ့ Jurassic World Dominion နောက်ဆုံးတော့ထွက်ရှိလာပါပြီ။ ဒီကားကတော့ ပြီးခဲ့တဲ့ Fallen Kingdom နောက်ပိုင်း လေးနှစ်ကြာကာလကိုအခြေတည်ထားတာဖြစ်ပါတယ်။ အရင်ကားတုန်းက ပြင်ပကမ္ဘာကိုလွတ်လာခဲ့တဲ့ ဒိုင်နိုဆောတွေဟာ အခုချိန်မှာတော့ လူသားတွေနဲ့အတူ ကမ္ဘာအနှံ့မှာနေထိုင်နေကြပါပြီ။ အိုဝင်နဲ့ ကလဲရ်တို့နှစ်ယောက်ဟာ သူတို့မွေးစားထားတဲ့ကလေးမလေးနဲ့ ဘလူးရဲ့မေထုန်မဲ့မျိုးပွားထားတဲ့ဒိုင်နိုဆောအကောင်ပေါက်လေးကို ဘိုင်အိုဆင် လုပ်ငန်းစုကြီးကသုသေသနလုပ်ဖို့ပြန်ပေးဆွဲသွားတဲ့နောက်ကိုကယ်ဆယ်ဖို့လိုက်ကြပါတယ်။ အဲ့ဒီလိုအချိန်မှာပဲကမ္ဘာအနှံ့ကစိုက်ခင်းတွေကိုဖျက်ဆီးနေတဲ့ဧရာမကျိုင်းကောင်အုပ်ကြီးရဲ့မြစ်ဖျားခံရာဟာ ဘိုင်အိုဆင်ပဲဆိုတာကိုခြေရာခံမိသွားတဲ့ အယ်လီ၊ အလန် နဲ့ အီယန်း တို့သုံးယောက်လဲ ဘိုင်အိုဆင်မှာပြန်ဆုံဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း ဒိုင်နိုဆောတွေနဲ့လူတွေရဲ့လိုက်တမ်းပြေးတမ်းစွန့်စားခန်းတွေကို ရင်သပ်ရှုမောခံစားရမှာဖြစ်တဲ့အပြင် 1993 မူရင်းဇာတ်ကားက cast တွေကိုပြန်ထည့်ထားတာကလဲ လွမ်းစရာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဖျော်ဖြေမှုအပြည့်အဝပေးနိုင်ပြီး ပျော်စရာကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Format……….: .mp4 & .mkv Quality………..: […]
  • 4k
  • 4 weeks ago