Movies   Blu-ray   

The Batman (2022)

2022ရဲ့ Hit Movieတစ်ကားဖြစ်တဲ့ The Batmanဟာဆိုရင်ဖြင့် IMDb 8.1/10 နဲ့ပွဲထွက်လာပြီး ဆုတွေလည်းရဖို့ရှိနေပါတယ်။ Twilightထဲကမင်းသားချော Robert Pattinsonက ဆြာဘတ်နေရာမှာ ပါဝင်သရုပ်ဆောင်ထားလို့ ပိုပြီးသဘောကျစရာပါ။ ဇာတ်လမ်းကတော့ ဂေါ့သမ်မြို့မှာ ရစ်ဒလာတစ်ယောက်မွှေနေတာကို ဘတ်မန်းကအဖြေရှာဖြေရှင်းပုံကို ရိုက်ပြထားတာပါပဲ။ ဇာတ်ကားက ၃နာရီကြာမြင့်ပေမဲ့ ပဟေဠိတွေနဲ့လှည့်ကွက်တွေက အချိန်ကုန်မှန်းမသိအောင် ထိန်းပေးသွားပါတယ်။ လူတိုင်းသိပြီးသား ဇာတ်လမ်းဖြစ်တာကြောင့် သိပ်မspoilတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ကြည့်ရှုလိုက်ကြပါဦး။ Robert Pattinsonတစ်ယောက် သွေးစုပ်ဖုတ်ကောင်ဘဝကနေ လင်းနို့ဖြစ်လာဖို့ ၁၅နှစ်ကြာခဲ့တာကြောင့် လင်းနို့ဘဝမှာရော ဘာတွေလုပ်ပြနိုင်ဦးမလဲကို ကြည့်လိုက်ရအောင်ပါနော်။ Format……….: .mp4 & .mkv Quality………..: Blu-ray Resolution….: 4K, 1080p 5.1CH, 1080p TrueHD, 720p, 480p Duration……..: 2h 56m Translator…..: […]
  • 4k
  • 4 weeks ago
Movies   Blu-ray   Web-DL   

The Outfit (2022)

ဇာတ်လမ်းခိုင်မာပြီး အနှစ်အရသာရှိတဲ့ Crime, Drama ကားမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားကကွက်တိပါပဲ။ အပ်ချုပ်သမားတစ်ယောက်ဆိုရင် သူ့ဘဝကြီးကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေမယ်လို့ပဲ လူတိုင်းစိတ်ကူးမိကြမှာပါ။ ဒါပေမဲ့ ချီကာဂိုမြို့တစ်နေရာက အနောက်တိုင်းဝတ်စုံလက်ရာကောင်းတွေ ချုပ်လုပ်ပေးတဲ့ အင်္ဂလိပ်လူမျိုးကြီးတစ်ယောက်ကတော့ သူ့ဘဝမှာဆန်းကြယ်မှုအစုံ ကြုံလာရမယ်ဆိုတာ ဘယ်ထင်ထားပါ့မလဲ။ ဒါမှမဟုတ် သူထင်ထားလေမလား။ အင်္ဂလိပ်လို့ သူ့ကိုချစ်စနိုးနဲ့ခေါ်ကြတဲ့ ဖောက်သည်တွေထဲမှာ ရွိုင်ဘွိုင်းဦးဆောင်တဲ့ ဘွိုင်းအဖွဲ့သားတွေက သူ့ဆိုင်ရဲ့အမြဲတမ်းဖောက်သည်တွေပါ။ သူတို့က အင်္ကျီချုပ်ဖို့အတွက် ဒီဆိုင်ကိုလာသလို ဆိုင်နောက်ခန်းမှာ ကိုယ်ပိုင်စာတိုက်ပုံးထားပြီး သူတို့အချင်းချင်းလျှို့ဝှက်ဆက်သွယ်ဖို့လည်း လာကြပါသေးတယ်။ ဘွိုင်းအဖွဲ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လာဖောင်တိန်းဆိုတဲ့ဂိုဏ်းဖြစ်ပြီး အပြန်အလှန်ရှင်းပစ်နိုင်ဖို့ ကြံစည်နေကြတာပါ။ တစ်ရက်မှာတော့ သူတို့လက်ထဲကို ဘွိုင်းအဖွဲ့ပြောဆိုထားတာကို အသံဖမ်းထားတဲ့တိပ်ခွေတစ်ခု ရောက်လာပါတယ်။ ဘွိုင်းအဖွဲ့ကလည်း ဒီလိုအသံဖမ်းနိုင်အောင် ဘယ်သူကူညီပေးတာလဲဖော်ထုတ်ချင်၊ လာဖောင်တိန်းတို့ကလည်း အဲဒီတိပ်ခွေကိုလိုချင်နဲ့ ပစ်ခတ်မှုတွေဖြစ်ပြီး ဘွိုင်းအဖွဲ့ရဲ့အိမ်ရှေ့မင်းသားလေး ရစ်ချီတစ်ယောက် အပ်ချုပ်ဆိုင်လေးဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာခဲ့ပါတော့တယ်။ အဲဒီကစလို့ […]
  • 4k
  • 4 weeks ago